321 - 325

219 18 0
                                    


ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၃၂၁ .....

စကြာဝဠာအဆင့် တစ္ဆေကြီးး စကြာဝဠာအဆင့်သို့ ရောက်ရှိနေခဲ့တာက သိပ်မကြာသေးသော်လည်း ရှောင်လုံအတွက်တော့ အင်အားကြီးစစ်တပ်တခုရရှိလိုက်သည့်အလား အင်အားတောင့်သွားလေသည်။
ထိုအပြင် တစ္ဆေကျြိးက နှစ်ပေါင်းများစွာကြာအောင် သရဲဘုရင်နန်းတော်အတွင်း နေထိုင်ခဲ့သူဖြစ်တာကြောင့် သရဲဘုရင်နန်းတော်နှင့်ပတ်သတ်ပြီး အတော်လေးကို ရင်းနှီးကျွမ်းဝင်နေသည်။

ထိုကြောင့် တစ္ဆေကြီးက သရဲဘုရင်ကျမ်းနှင့် သရဲဘုရင်ဆေးလုံးတို့ကိုရှာဖွေနေသော ရှောင်လုံအတွက်ကြီးမားသော အထောက်အကူတခုဖြစ်လာနိုင်သည်။
တစ္ဆေကြီးကို ထိန်းချုပ်ပြီးတဲ့နောက် ရှောင်လုံက သူ့ရဲ့နတ်လက်စွပ်ထဲက အရွက်ကိုးခုနှင့် ခရမ်းရောင်မြက်ကိုထုတ်၍ တစ္ဆေကြီး ဒဏ်ရာတွေကုသနိုင်ရန်
ပေးလိုက်သည်။ အရွက်ကိုးခုနှင့် ခရမ်းရောင်မြက်က ဒဏ်ရာတွေကိုကုသသောနေရာတွင်ညနတ်ဆေးပင်တခုပင်ဖြစ်သည်။ တစ္ဆေကြိးရရှိထားသော ဒဏ်ရာတွေက သိပ်အကြာခင်မှာဘဲ သက်သာပျောက်ကင်းသွားလေသည်။ အရွက်ကိုးခု ခရမ်းရောင်မြက်က ဆိုးရွားစွာ ထိုခိုက်ထားသော တစ္ဆေကြီး၏ စိတ်ဝိညာဉ်ကိုပါ အကောင်းပကတိဖြစ်အောင် ပြန်လည်ကုသပေးလိုက်သည်။

"... ခင်ဗျားပြောတော့ ဒီသွေးအာဏာ သဘောတူညီချက် သိုင်းကျင့်စဉ်ကို သရဲဘုရင်သိုင်းလေ့ကျင့်ခဲ့တဲ့ ဂူဗိမာန်တခုထဲကနေ ရခဲ့တာဆို....  အဲ့ဒီဂူက ဘယ်နေရာမှာရှိတာလဲ...... "

တစ္ဆေကြီး ဒဏ်ရာတွေပျောက်ကင်းသွားတာကိုစောင့်၍ ရှောင်လုံကမေးမြန်လိုက်သည်။

"... ဟူတ်ကဲ့ပါသခင်....."
တစ္ဆေကြီးက ဆက်ပြောလေသည်
"... ဒါပေမယ့် သရဲဘုရင်ရဲ့ ဂူဗိမာန်ထဲမှာ ထောက်ချောက်တွေက အပြည့်ပဲ.... ကျွန်တော်တောင် သရဲဘုရင်သိုင်းလေ့ကျင့်တဲ့ဂူရဲ့ ဒုတိယအလွှာကိုပဲ ရောက်နိုင်ခဲ့တယ်.... ကျွန်တော်သိထားသလောက်တော့ သရဲဘုရင်ကသိုင်းကျမ်းနဲ့ ဆေးလုံးကို တနေရာထဲမှာ ထားခဲ့တယ်လို့ ကြားဘူးတယ်.....  သရဲဘုရင်သူတို့က ငါးလွှာမြောက်မှာ ချန်ထားခဲ့တာလို့ ဆိုကြတယ်.... "

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now