11 - 15

393 28 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်(Invincible)

အပိုင်း၁၁..........မြေကြီးအဆင့်၁သိုင်းသမားဘယ်လိုဖြစ်သွားတာလဲ

          " ဟောင်ဝေရဲ့ သိုင်းဝိညဉ်က အဆင့်၁၀ပင်မယ့် အဖေရဲ့လုပ်ရပ်တွေက သူ့ကိုအရမ်းမျက်နှာသာ ပေးတာပဲ " စုရန်က မကျေမနပ်ပြောလိုက်သည်။ " နှစ်ကုန်ကျရင်ကျင်းပရင် မိသားစုပြိုင်ပွဲကျရင် ငါတို့ရှောင်လုံလေးတော့... သူ....သူ...တကယ်ပဲ....?" စုရန်ရဲ့မျက်လုံးတွေက နီရဲလာပြီးတော့ စကားဆက်မပြောနိုင်တော့ပဲ ပြောလက်စမှာပဲ ရပ်သွားတော့သည်။

     အဲ့ချိန်မှာ ဟောင်ပန်လဲ ဒေါသနဲ့ထရပ်ရင်းနဲ့ " ငါဒီကိစ္စကို အဖေ့ကို သွားပြောမယ် " ဟုပြောလိုက်သည်။
    " အဖေ....ခနနေပါအုံး  " ရှောင်လုံကအမြန်ဝင်ပြောလိုက်ပြီး " အဖေ အဖိုးကို ဒိကိစ္စ သွားပြောစရာမလိုပါဘူး " ဟောင်ပန်နဲ့ စုရန်လဲအဲ့ဒါကိုကြားတော့ ရှောင်လုံကိုကြည့်လိုက်သည်။ ဟောင်ပန်ကတခုခုပြောမယ်လုပ်နေတုံး သူ့သားရဲ့ကိုယ်ကနေ တောက်ပတဲ့အတွင်းအားကီတွေ ထွက်လာတာကိုတွေ့လိုက်ရသည်။

    " အတွင်းအားကီ....  ဒါ...ဒါဟာ.. အတွင်းအားကီ ထုတ်လွှင့်ခြင်းမလား " ဟောင်ပန်နဲ့ စုရန်တို့နှစ်ယောက်လုံး ခနလောက်ကြက်သေသေသွားပြီးတော့ မယုံကြည်နိုင်စွာနဲ့ ရှောင်လုံကိုကြည့်လိုက်သည်။ အတွင်းအားကိုထုတ်နိုင်ပြီ? .. ဒါဆို အတွေးတခုက ဟောင်ပန်နဲစုရန်တို့ ဆီကို ပြိုင်တူဝင်လာကျသည်။ မြေကြီးအဆင့်၁ သူရဲကောင်း... ! အတွင်းအားကီတွေကို စုစည်းနိုင်တဲ့အဆင့်ဆိုရင်တောင် အတွင်းအားကိုအပြင်ကိုမထုတ်နိုင်သေးလေ မြေကြီးအဆင့်၁ သူရဲကောင်းအဆင့် ကိုရောက်မှ အတွင်းအားကိုစပြီး ထုတ်နိုင်တာမလား။

  "  ရှောင်လုံ....မင်း.... မင်း မြေကြီးအဆင့်၁ ကိုရောက်သွားတာလား.." ဟောင်ပန်က တုန်ယင်နေတဲ့အသံနဲ့မေးလိုက်သည်။ သူမျက်စိကိုယ်တိုင် မြင်ပင်မယ့် မယုံရဲသေးဘဲ ပုံရိပ်ယောင်ဖြစ်နေမှာကို သူစိုးရိမ်နေလေသည်။
   
    "ဟုတ်တယ်... အဖေနဲ့အမေ...  ကျွန်တော် မြေကြီးအဆင့်၁ သိုင်းသမားဖြစ်သွားပြီ.. " ရှောင်လုံက ခေါင်းညိတ်ပြီးပြောလိုက်သည်။ သူမိဘတွေ မိသားစုပြိုင်ပွဲကျရင် သူ့အတွက်မစိုးရိမ်စေချင်လို့ သူစွမ်းအားရဲ့ တစိတ်တပိုင်းကိုပဲ သူပြသလိုက်လေသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now