886 - 890

147 12 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၈၆ ..... မင်းက တက္ကသိုလ်ကျောင်းအုပ်ကြီးဝမ်နာကို မရိုမသေပြုရဲတယ်လား

ရှောင်လုံတို့အုပ်စုက အနက်ရောင်သူရဲကောင်းမြို့တော် ထဲသို့ ခြေမချမီမှာပင် ဝမ်နာသည် သူတို့ရောက်ရှိလာသည့် သတင်းကို တပည့်တစ်ယောက် ဆီမှ ရထားပြီး ဖြစ်သည်။ အနက်ရောင်သူရဲကောင်းတက္ကသိုလ် မဟာအကြီးအကဲများနှင့် အကြီးအကဲများကို စုဝေးလိုက်ရင်း သူမက ကျောင်း၊ ဝမ်၊ ဂုဒူနှင့် ကျူးမိသားစုတို့ကို မဟာမိတ်ဖွဲ့ရေးအတွက် ဆွေးနွေးရန် စောင့်ဆိုင်းနေလေသည်။

"အိုး...ဖုယန် ပြန်လာပြီလား"

အစီရင်ခံမှုကို နားထောင်ရင်း ဝမ်နာက အနည်းငယ် ကြောင်အသွားလေသည်။ သူက ထိုမျှ စောစီးစွာ ပြန်လာလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့မိပေ။

အချိန်ကို တွက်ချက်ကြည့်မည်ဆိုလျှင် မဟာနတ်ဘုရားအဆင့် သိုင်းပြိုင်ပွဲပြီးဆုံးသွားသည်မှာ တစ်လကျော်ရုံမျှသာ ရှိသေးပေသည်။

တက္ကသိုလ်သို့ ပြန်လာရန်မှာ အနည်းဆုံး သုံးလကျော် ခရီးနှင်ရမည် ဖြစ်သည်။ သို့မဟုတ် ဖုယန်သည် ပြိုင်ပွဲ မပြီးဆုံးခင် ပြန်လာခဲ့သည်လား။

ဝမ်နာ၏ မျက်လုံးများသည် မျှော်လင့်ချက်များ၊ စိတ်လှုပ်ရှားမှုများဖြင့် တောက်ပသွားလေသည်။

"ဖုယန်အပြင်...သူနဲ့အတူ ဘယ်သူတွေ ပါသေးလဲ"

"ဖုယန်အပြင်...ဟောင်ရှောင်လုံ ၊ လျှိုယွင်၊ ချီဝမ်နဲ့ ချန်းယန်တို့လည်း ပါပါတယ်"

ထိုတပည့်က ရိုသေလေးစားစွာဖြင့် ပြန်ဖြေလေသည်။

လွန်ခဲ့သည့်တစ်လကျော်က ဝမ်နာသည် အနက်ရောင်သူရဲကောင်းတက္ကသိုလ် ကျောင်းအုပ် ရာထူးအပ်နှင်းပွဲ အခမ်းအနားကို ကျင်းပခဲ့ပြီး တရားဝင် ရာထူးလွှဲယူလိုက်ကာ ယခုအခါတွင် တက္ကသိုလ်ကျောင်းအုပ်ကြီး ဖြစ်နေပြီ ဖြစ်သည်။ ဖုယန်ကမူ စည်းမျဥ်းများအရ ရာထူးကို 'စွန့်လွှတ်'ပြီးနောက် သူ့ကို အနက်ရောင်သူရဲကောင်းတက္ကသိုလ်၏ အထူးအကြီးအကဲအဖြစ် သတ်မှတ်၍ ရပေသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now