636 - 640

175 9 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၆၃၆ .....

တစ်ရက်ကြာပြီးနောက်  နန်းတော် ရှစ်ဆယ့်တစ်ခုကို ရှောင်လုံ တည်ဆောက် ပြီးသွားသည်။ ထိုနန်းတော်ရှစ်ဆယ့်တစ်ခုသည် ရှောင်လုံနေထိုင်မည့် ရွှေနဂါးတောင်ထိပ်အား ဝန်းရံထားကြသည်။ နန်းတော်တစ်ခုနှင့်တစ်ခု အဋ္ဌဂံ
ပုံသဏ္ဍာန် ချိတ်ဆက်ထားကြသည်။

ရှောင်လုံသည် ထိုနန်းတော်ရှစ်ဆယ့်တစ်ခုကို အသုံးပြု၍ "..ခန်းမဆောင်ကိုးခု၏ နန်းတော် .."
ဘာဂူအာ သုံးမြောင့် အစီအရင်ကို ပုံဖော်လိုက်သည်။ ၎င်းအစီအရင်သည် ရှေးခတ်တွင် နာမည်ကျော်ကြားခဲ့သော နတ်ဘုရားအဆင့် အစီအရင်တစ်ခု ဖြစ်သည်။ ထိုအစီအရင်ထဲတွင် ခံစစ်၊ တိုက်စစ် ၊ ပုံရိပ်ယောင် လှည့်စားခြင် အစရှိသဖြင့် အစီအရင်များစွာ ပါဝင်သည်။

ထိုအပြင် နန်းတော်များကို နတ်ပြည်မှ သံမဏိဖြင့် တည်ဆောက်ထားမှုသည် အစီအရင်၏ ခံစစ်စွမ်းရည်ကို များစွာ တိုးတက်သွားစေသည်။
ရှောင်လုံ နေထိုင်မည့်နေရာ၏ ခံစစ်သည် ထိပ်သီးမိသားစုများ၏ ဋ္ဌာနချုပ်တွင် ပြုလုပ်ထားသော အစီအရင်နီးပါးကို အစွမ်းထက်သည်။

ရှောင်လုံက အစီအရင် အခင်းအကျင်နှင့် ပတ်သတ်၍ နက်ရှိုင်းသော အသိပညာ မရှိသော်လည်း အစီအရင် ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည့် အောင်းတိုင်ရီ၏ အကးအညီဖြင့်
နန်းတော်ကိုးခု ဘာဂူအာ သုံးမြောင့် အစီအရင်ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။

ထိုနန်းတော် ရှစ်ဆယ့်တစ်ခုသည် ရှောင်လုံရှင်းလင်းထားသော မြေနေရာ၏ ဆယ်ပုံရှစ်ပုံကိုသာ နေရာယူထားသည်။  ရှောင်လုံက လွတ်နေရာ နေရာတွင် စိတ်ဝိညာဉ် ပန်းပင် နှင့် ဆေးမြစ်များ စိုက်ပျိုးရန် စီစဉ်ထားသည်။

အားလုံးပြီးစီသွားပြီးနောက် ရှောင်လုံက ချီဝမ်ပေးထားသည့် ဆယ်ကြိမ်သတ် ဓားဆယ်ချောင်းကို ထုတ်လိုက်သည်။ ထိုနောက် အောင်းတိုင်းရီ သင်ပေးထားသော လျှို့ဝှက်နည်းစနစ်အတိုင်း ရှေးဟောင်း အစီအရင်တစ်ခု ပြုလုပ်လိုက်သည်။

အကယ်၍ တစ်စုံတစ်ယောက်သည် ရွှေနဂါးတောင်ထိပ်ကို တိုက်ခိုက်ရန် ကြံစည်ခဲ့လျှင် ဆယ်ကြိမ်သတ် ဓားဆယ်ချောင်းဖြင့် ပြုလုပ်ထားသော ရှေးဟောင်းအစီအရင်က အလိုလို အသက်ဝင်လာပြီး ရန်သူများကို သုတ်သင်ရှင်းလင်းမှာ ဖြစ်သည်။
ရှောင်လုံက နန်းတော်ရှစ်ဆယ့်တစ်ခု၏ အလယ်တွင် မီးတောက်ယန် ကျောက်စိမ်းကို အသုံးပြု၍ ကြီးမားသော ကျောက်စိမ်းရေကန်ကြီးတစ်ခု တည်ဆောက်လိုက်သည်။ ထိုအပြင် ကျောက်စိမ်းရေကန်၏ အပေါ်တွင် စွမ်းအင်ထိန်းချုပ်ခြင်း အစီအရင်တစ်ခု ပြုလုပ်လိုက်သည်။  ထိုနောက် လွေယန်ပေးထားသော ယန်ကိုးမျိုးရေစင်များကို ကျောက်စိမ်းရေကန်အတွင်းသို့ လောင်းချလိုက်သည်။
စွမ်းအင်ထိန်းချုပ်ခြင်း အစီအရင်ပြုလုပ်ထားခြင်းကြောင့် ကျောက်စိမ်းရေကန်အတွင်းရှိ ယန်ကိုးမျိုးရေစင်မှ ဝိညာဉ်စွမ်းအားများ လွင့်ပါးလျော့နည်းသွားမည်ကို စိုးရိမ်နေစရာ မလိုတော့ပေ။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now