516 - 520

188 9 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၅၁၆ .... နတ်ဘုရားကျောင်းတော် တည်ရှိရာ ချောက်နက် ပင်လယ်သေ သို့

".... ဒါဆိုရင် နဂါးပုလဲလုံးစုပ်ယူပြီးမှ ကျွန်တော်စုပ်ယူမယ်ဆိုရင် ဘာဘေးထွက်ဆိုးကျိုးမှ မဖြစ်စေဘူးပေါ့ ဟုတ်လား ...?"

ရှောင်လုံ၏ အသက်ရှုသံများပင် မြန်ဆန်လာသည်။ နဂါးအင်ပါရာ အောင်းတိုင်ရီပြောစကားသာ အမှန်ဆိုလျှင် ၎င်းစွမ်းအားက ကောင်းကင်ဆန္ဒကိုပင် ဖီဆန်နိုင်သော စွမ်းအားတစ်ခု ဖြစ်သည်။

နဂါးအင်ပါရာ အောင်းတိုင်ရီက ရှောင်လုံကိုကြည့်ရင်း ပြုံးလိုက်သည် ။

".... ဟုတ်တယ် မင်းထင်နေသလိုပဲ ...!"

အောင်းတိုင်ရီ၏ အတည်ပြုချက်ကြောင့် ရှောင်လုံလည်း အရမ်းကိုပျော်ရွှင်သွားသည်။

အောင်းတိုင်ရီက ဆက်ပြီး ရှင်းပြလိုက်သည်

"... ငါတို့နဂါးမျိုးနွယ်ဆိုတာက ရှေးခတ်ကတည်းက သားရဲအားလုံးရဲ့ ဘုရင်ပဲ
နဂါးပုလဲလုံးကလည်း ငါတို့မျိုးနွယ်မှာ အထွတ်အမြတ်ထားရတဲ့ ရတနာတစ်ခုပဲ ...
နဂါးပုလဲက သူ့စုပ်ယူခဲ့တဲ့ စွမ်းအင်တွေထဲက ဘေးထွက်ဆိုးကျိုးတွေကို သန့်စင်ပေးနိုင်ပေမယ့်
သားရဲတွေဆီကလာတဲ့ စွမ်းအင်တွေကိုပဲ သန့်စင်ပေးနိုင်တာ  ..."

ရှောင်လုံကအနည်းငယ် စိတ်ပျက်သွားသည်။
သို့သော် သက်ပြင်းတစ်ခု မှုတ်ထုတ်လိုက်၏ ။

အောင်းတိုင်ရီ ပြောစကားအရဆိုလျှင် ရှောင်လုံလည်း ခရမ်းရောင်ဝါးမြိုမျောက်လေးကဲ့သို့ သားရဲအမြူတေများမှ စွမ်းအားကိုစုပ်ယူနိုင်သည့် ထူးခြားဆန်းကြယ်သော စွမ်းရည်ကို ပိုင်ဆိုင်နိုင်တော့မှာ ဖြစ်သည်။

သားရဲအမြူတေဆီက စွမ်းအားတွေကို ဘေးထွက်ဆိုးကျိုး မရှိဘဲ စုပ်ယူနိုင်တော့မယ် ...!

ရှောင်လုံက အရမ်းကို စိတ်လှုပ်ရှားပြီး ပျော်ရွှင်သွားသည်။ ခဏကြာပြီးနောက် အောင်းတိုင်ရီက နဂါးပုလဲလုံးထဲသို့ ပြန်ဝင်သွားသည်။ အောင်းတိုင်ရီက နဂါးပုလဲနှင့် မီတာ လေးထောင်ပတ်ဝန်းကျင်တွင် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်သော်လည်း နဂါးပုလဲအပြင်သို့ အချိန်အကြာကြီး ထွက်လို့ မရသေးပေ ။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now