621 - 625

174 10 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၆၂၁.........

ဝမ်တင်းရီက သတိပြန်ဝင်လာပြီးနောက် ပြုံးရွှင်သော မျက်နှာထားဖြင့်

"... ဟောင်ရှောင်လုံနိုင်မယ်လို့ ခင်ဗျားထင်လား...? နိုင်နိုင်ခြေရော ရှိလား ...? ဟောင်ရှောင်လုံ ဘက်ကနေ လောင်းရဲတယ်ဆိုကတည်းက အဲ့ကောင်လေးက လည်း ရူးနေတာပဲ ဖြစ်ရမယ်  ...."

ဂူဒူရီကလည်း ရယ်လိုက်သည်

"... အခုလို  ဘီလီယံ နှစ်ဆယ် အလကားရတာမျိုးက နှစ်တစ်ထောင်မှာတောင် တစ်ကြိမ် ကြုံရခဲတယ်ဗျို့ .. ကျုပ်တို့ဘက်က ငြင်းလိုက်ရင် သူတော်တော်လေး စိတ်မကောင်းဖြစ်သွားလိမ့်မယ်ဗျ .....ဟားဟား..."

ဂူဒူရီ စကားကြောင့် ကျောင်းဝူဟွမ်လည်း ပြုံးလိုက်သည်

"... ဟုတ်တယ် ခင်ဗျားပြောတာအမှန်ပဲ .... ဟောင်ရှောင်လုံက ဘယ်လောက်ပဲ ထူးချွန်နေပစေ  ငါးနှစ်အတွင်းမှာ သူ့အတွင်းအားက ဘယ်လောက်ထိ အဆင့်တက်နိုင်မှာလဲ ... အလွန်ဆုံးရောက်မှ နတ်ဘုရား အဆင့် ၃ အလယ်အဆင့် ဒါမှမဟုတ် နောက်ဆုံးအဆင့်လောက်ပေါ့ ...."

"... နတ်ဘုရား အဆင့် ၃ နောက်ဆုံး အဆင့်လောက်ကိုမပြောနဲ့... ဟောင်ရှောင်လုံ ကံကောင်းပြီး နတ်ဘုရား အဆင့် ၄ တက်လှမ်းနိုင်ခဲ့ရင်တောင် ရှောင်းမင်ကျီကို ဘယ်လိုနည်းနဲ့မှ ယှဉ်နိုင်မှာ မဟုတ်ဘူး ... ဟိုက လက်ညိုးလေးတစ်ချောင်းနဲ့တင် သူ့ကို သတ်ပစ်လိုက်လို့ရတယ် ...."

ဂူဒူရီက ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
ထိုနောက် ရှောင်လုံ၏ လောင်ကြေးကို လက်ခံရန်အတွက်  အကြီးအကဲသုံးယောက်ကို ညွန်ကြားချက်ပေးလိုက်သည်။ ခေါင်းဆောင်သုံးယောက်၏ ခွင့်ပြုချက်ကို ရယူပြီးနောက် အကြီးအကဲသုံးယောက်လည်း လောင်းကစားရုံသို့ ပြန်လည်ရောက်ရှိလာသည်။ သူတို့က ရှောင်လုံကို နွေးထွေးစွာ ပြုံးပြလိုက်ပြီး ရှောင်လုံလောင်းကြေး ကိစ္စကို သူ့တို့ကိုယ်တိုင် ကူညီဆောင်ရွက်ပေးလိုက်သည်။

ရှောင်လုံက တရားဝင် လောင်းကြေးစာရွက်ကိုကိုင်ကာ အကြီးအကဲ သုံးယောက်ကို သေချာအကဲခတ်ကြည့်လိုက်သည်

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now