921 - 925

149 10 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၉၂၁.....နတ်ဘုရားဆေးကမ္ဘာသို့ ဖိတ်ကြားခြင်း

" အဲ့ဒီလူကဘယ်သူလဲဆိုတာကို ကျုပ်တကယ်သိချင်မိတယ်...ဒီလိုမျိူး ပါရမီရှင် ကိုသာ ကျုပ်တို့ ကံကြမ္မာဂိုဏ်း ဆီသိမ်းသွင်းနိုင်ခဲ့မယ်ဆိုရင်...ကျုပ်တို့အနေနဲ့ ဝမ်ဂူကလန်ကို ကြောက်နေစရာမလိုတော့ဘူး"

စန်းရီက ဝမ်းနည်းစွာဖြင့် ပြောလိုက်သည် ။

ကံကြမ္မာဂိုဏ်းချုပ်ဖြစ်သော ဝမ်ယုကလည်း ခေါင်းညိတ်ထောက်ခံလိုက်လေသည်။

" ဟုက်တယ်... သူသေသွားတာကတော့ နှမြောစရာပဲ... ဒါပေမဲ့ ဒီလိုမျိူး မွန်းစတားဆန်တဲ့ ပါရမီရှင် မျိုးကို...ဘယ်ဂိုဏ်း ဘယ်အင်အားစုကမှ အပြည့်အဝ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး... အဲ့ဒီလူက ငရဲမျှော်စင် ထဲမှာ သေသွားတာကလည်း မကောင်းတဲ့ကိစ္စတော့မဟုတ်ပါဘူး"

ကံကြမ္မာဂိုဏ်း အုပ်စု ကွင်းပြင်မှထွက်သွားသည်နှင့် ဝမ်ဂူကလန် ၊မုကလန်၊ ကျိုးကလန် ၊ ဘီလူမျိုးနွယ်စုနှင့် အခြားအုပ်စုများသည်လည်း စတင် ထွက်ခွာလိုက်ကြလေသည်။

ထို သိုင်းပညာရှင် များ၏ မျက်လုံးထဲတွင် ရက်ပေါင်းများစွာကြာအောင် မည်သည့်လှုပ်ရှားမှုမှ မရှိခြင်းသည် အထဲ၌ သေဆုံးသွားခြင်းနှင့် တူညီပေသည်။

သို့သော်လည်း ထိုရလဒ်သည် သူတို့အတွက်ပင် စိတ်ကူးယဉ် ဆန်သလို ခံစားနေကြရပြီး မျက်စိရှေ့၌ ဖြစ်ပျက်သွားသောကြောင့်သာ အမှန်တရားကို ယုံကြည်လိုက်ကြခြင်းဖြစ်သည်။

နတ်ဘုရား များသည်ပင် သူ့၏ ပါရမီကို မနာလို နေခြင်း ဖြစ်ပေလိမ့်မည်။

လူတစ်ယောက်၏ ပါရမီက အကန့်အသတ်ကို ကျော်လွန်သွားပြီဆိုလျှင် ကောင်းကင်ဘုံသည်ပင် တောင့်ခံနိုင်စွမ်းမရှိပေ။

နှစ်ရက်ကြာ စောင့်ဆိုင်းပြီးနောက်နတ်ဆိုးကလန် ခေါင်းဆောင် မော့တင်းထန်းနှင့် အခြားသူများသည် ကွင်းပြင်မှ ထွက်ခွာသွားကြလေသည်။

ပြောစရာမလိုလောက်အောင်ပင် နတ်ဆိုးသားတော် မော့စုကလည်း မော့တင်းထန်းတို့အုပ်စုနှင့် လိုက်ပါသွားပေသည်။ ထိုအချိန်တွင် သူသည် ပျော်ရွှင်ဝမ်းမြောက်ကာ စိတ်သက်သာရာ ရနေပေသည်။ သူ့၏ အတွေးမှာမူ ထိုလူ သေဆုံးသွားကတည်းက သူသည်သာ နောက်ဆုံးအနိုင်ရရှိသူ ဖြစ်သည်ဟု မှတ်ယူထားပေသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now