181 - 185

271 23 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၁၈၁ ..... နိုင်ငံပေါင်းစုံသိုင်းပြိုင်ပွဲ (13)

    သူ့ရဲ့ ပိုင်နိုင်လှသောလက်ညှိုးတိုက်ကွက်လွဲချော်သွား
တာမြင်တော့ ရှဲပူတိကိုယ်တိုင် နဲနဲတော့အံသြမိသွားသည်။ရှဲပူတိက သူရဲ့ စိတ်အာရုံတွေကို သိုင်းပြိုင်စင်တခုလုံးဆီသို့  ဖြန့်ကျက်ရှာဖွေလိုက်၏ ။ အဲ့ဒါတောင်မှ ရှောင်လုံဘယ်ရောက်သွားလဲဆိုတာကို သူ့လုံးဝရှာလို့မတွေ့ပေ..။

  ".... ဒါ.....သူ့သိုင်းဝိညဉ်ရဲ့ ဒုတိယမွေးရာပါစွမ်းရည်ထင်တယ်... ?"
ချန်ကျန်းက ရှောင်လုံပျောက်ကွယ်သွားသော သိုင်းပြိုင်စင်ထက်ကို မျက်လုံးမှေးကြည့်ရင်း အလေးအနက်လေသံဖြင့် ပြောလိုက်သည် ။

ဒုတိယမွေးရာပါစွမ်းရည် ဟုတ်လား... ?

သူသိုင်းဝိညာဉ်ရဲ့ဒုတိယစွမ်းရည်က ကိုယ်ဖျောက်နိုင်တဲ့ စွမ်းရည်ပဲ... !

"... ဒါက အရမ်းကို အစွမ်းထက်လွန်းတဲ့ မွေးရာပါစွမ်းရည်တခုပဲ..."
ဒေါင်ဝူဟန်ရဲ့ အနောက်ဘက်မှာထိုင်နေသော စစ်သူကြီးတယောက်က အံသြတကြီးရေရွတ်လိုက်သည်

"...အခု ကျွန်တော်မျိုးတောင်မှ ဟောင်ရှောင်လုံရဲ့ အသက်ရှုစည်းချက်ကို အာရုံခံလို့မရပါဘူး... "

ထိုစစ်သူကြီးက အတွင်းအားအရာမှာ ကောင်းကင်အဆင့် ၃ သို့ ရောက်ရှိနေသော သိုင်းပညာရှင်တယောက်ပဲ ဖြစ်ပါသည် ။ ကောင်းကင်အဆင့် ၃ သိုင်းပညာရှင်ကတောင် ရှောင်လုံကိုယ်ဖျောက်ထားတာကို အာရုံခံလို့မရဘူးဆိုတော့ ရှောင်လုံရဲ့ ကိုယ်ဖျောက်စွမ်းရည်က ဘယ်လောက်အစွမ်းဖက်တယ်ဆိုတာကို တွေးကြည့်လိုက်ရုံနဲ့ သိနိုင်လေသည် ။

သိုင်းပြိုင်ကွင်းပတ်ပတ်လည်မှာရှိနေသော ပွဲကြည့်ပရိတ်သတ်တွေက သိုင်းပြိုင်စင်ပေါ်ကနေ ရှောင်လုံပျောက်သွားတာကိုမြင်တော့ အံသြသွားကြပြီး ရုတ်ရုတ်သဲသဲ ဆူညံသံတွေထွက်ပေါ်လာကြသည်။

ချိုင်လီ ၊ ယန်ယု နှင့် ဒန်ရှန်နီတို့အပါအဝင် တခြားသိုင်းပြိုင်ပွဲမှာ ဝင်ရောက်ဆင်နွှဲခဲ့ကြသော ပြိုင်ပွဲဝင်တွေအကုန်လုံးလဲ သူတို့စိတ်အာရုံတွေကိုဖြန့်ကြက်ပြီး ရှောင်လုံကိုယ်ပျောက်နေတာကိုများရှာတွေ့မလားဆိုပြီး ကြိုးစားရှာဖွေလိုက်ကြသည် ။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now