416 - 420

200 18 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၄၁၆ .....ငရဲတော်ဝင်ကျောက်တုံး

ရှောင်လုံက ယဇ်ပလ္လင်၏ ပတ်ဝန်းကျင်အား အကဲခတ်ကြည့်လိုက်သည် ။ ထိုနောက် ယဇ်ပလ္လင်၏ ဘယ်ဘက်ထောင့်နားမှာ ရှေးဟောင်းစာသားတစ်ကြောင်း ရှိနေတာကို သတိပြုမိလိုက်သည် ။ ဤစာသားကို သူ့ဆရာ ရန်ဝူကောင်း ရေးသားထားခဲ့မှန်းကိုလည်း ရှောင်လုံ နားလည်လိုက်သည် ။

စာသားထဲမှာ အကယ်၍ ရှောင်လုံကသာ နတ်ဆိုးကြီးဆီမှ စွမ်းအားတွေကို စုပ်ယူနိုင်ခဲ့လျင် ငရဲနတ်ဆိုးသွေးမျိုးဆက်ကို ပိုင်ဆိုင်သွားမှာဖြစ်ပြီး သူရဲ့ နတ်ဆိုးအတွင်းအားကလည်း မယုံကြည်နိုင်စရာကောင်းလောက်သော အံသြဖွယ်ရာအမြန်နှုန်းဖြင့်တိုးတက်လာလိမ့်မည်ဟု ရေးသားထားသည်။

ထိုနောက် သူ့ဆရာရန်ဝူကောင်းက ငရဲနတ်ဆိုးကြိးဆီက စွမ်းအားတွေကို စုပ်ယူနိုင်မည့် နည်းလမ်းကိုလည်း ရှင်းပြထားသလို ငရဲနတ်ဆိုးအား ဖမ်းဆီချုပ်နှောင်နိုင်မည့် နည်းလမ်းကိုပါ ညွှန်ပြထားသည် ။

စာတွေအကုန်လုံးကို အစအဆုံး သေချာဖတ်ပြီးနောက် ရှောင်လုံအကြည့်တွေက နတ်ဆိုးကြီးအား တုပ်နှောင်ထားသည့် ချိန်းကြိုးထက်သို့ ကျရောက်လာသည် ။ ထိုနောက် ရှောင်လုံက မြေကြီးကိုတစ်ချက်ဆောင့်ကာ ယဇ်ပလ္လင်ထက်သို့ ခုန်တက်လိုက်သည်။

ငရဲနတ်ဆိုးကြီးက သူ့အနားသို့ ချဉ်းကပ်လာသော ရှောင်လုံကိုမြင်တော့ သူ့ပါးစပ်က မပီမသကြုံးဝါးသံတွေ ထွက်ပေါ်လာသည် ။ နတ်ဆိုးကြီး၏ ရုန်းကန်မှုကြောင့် သူ့ခြေထောက်နှင့် လက်ကိုတုပ်နှောင်ထားသည့် ချိန်းကြိုးတွေက ပြင်းထန်စွာ လှုပ်ရှားလာသည် ။ သို့သော် နတ်ဆိုးကြီးပိုရုန်းကန်လေလေ ချိန်းကြိုးတွေက ပိုပြီး တင်းကျပ်စွာ ချုပ်နှောင်လေ ဖြစ်နေတာကို ရှောင်လုံ သတိပြုမိလိုက်သည် ။

ဤအခြင်းအရာကိုမြင်တော့ ရှောင်လုံလည်းနည်းတည်းတော့ စိတ်သက်သာရာရသွားသည် ။ ထိုနောက် ရှောင်လုံက သူ့ဆရာ ရန်ဝူကောင်း ညွှန်းကြားပြသထားသည့််တိုင်း သူ့ခန္ဓာကိုယ်ထဲမှ နတ်ဆိုးအတွင်းအားကို လှည့်ပတ်လိုက်သည် ။
ထိုနောက် ရှောင်လုံ၏ လက်ဆယ်ချောင်းလုံးက နတ်ဆိုးကြီး၏ နှလုံးရှိရာ ရင်ဘတ်အတွင်းသို့ စိုက်ဝင်သွားသည် ။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now