536 - 540

169 9 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၅၃၆ ....

"... အဆ တစ်ထောင်လောက် ပိုကျယ်တယ် ..."

ရှောင်လုံလည်း အရမ်းကို အံ့အားသင့်သွားသည်။

အဆတစ်ထောင်ဆိုတော့ တိမ်ပင်လယ် ပင်မကုန်းမြေက ဘယ်လောက်တောင် ကြီးမားလို့လဲမသိဘူး...?
ရှောင်လုံက စဉ်းစားမရနိုင်အောင် ဖြစ်သွားသည်။

ထိုအပြင် တိမ်ပင်လယ် ပင်မကုန်းမြေပေါတွင် စိတ်ဝိညာဉ်စုစည်းခြင်း အစီအရင် အခုတစ်သောင်းကျော်ရှိသည်ဆိုသော အချက်ကလည်း ရှောင်လုံစိတ်ထဲသို့ ဝင်လာသည်။ ထိုကြောင့်လည်း သေးငယ်သော သဲမှုန့်လေးတစ်ခုမှာ အဆင့်နိမ် ဝိညာဉ်ဆေးလုံးနှင့် တူညီသော ဝိညာဉ်စွမ်းအားတွေ ပါဝင်နေခြင်းပင် ။

ဒါဆိုရင် သူတို့ရဲ့အစီအရင်တွေအတွက် နတ်ဘုရားအဆင့် ဝိညာဉ်ကျောက်တုံးတွေကိုရော မလိုဘူးလား ....?
သေးငယ်သော စိတ်ဝိညာဉ်စုစည်းခြင်း အစီအရင်လေးတစ်ခုအတွက်တောင်မှ နတ်ဘုရားအဆင့် ဝိညာဉ်ကျောက်တုံး အတုံးတစ်ရာခန့် လိုအပ်သည်။
အခင်းအကျင်း တစ်သောင်းအတွက်ဆိုလျှင် ...?

ရှောင်လုံလည်း ဆက်ပြီး မတွေးရဲတော့ပေ ။

အကယ်၍ တစ်စုံတစ်ယောက်သာ ဤအစီအရင် အသောင်းကို အဝေးသို့ ယူဆောင်သွားနိုင်ခဲ့လျှင် အစီအရင်အတွင်းမှ နတ်ဘုရားအဆင့် ဝိညာဉ်ကျောက်တုံး အရေအတွက်ကြောင့် ကြယ်စင်စုကြီးတစ်ခုလုံးမှာ အချမ်းသာဆုံးလူသား ုဖြစ်လာနိုင်သည်။

  "... စိတ်ဝိညာဉ်စုစည်းခြင်း အစီအရင်တွေကို ယူသွားမယ်ဟုတ်လား ...?"

အောင်းတိုင်ရီက ရှောင်လုံအကြံအစည်ကို သိရှိပြီးနောက် အားရပါးရ ရယ်မောလိုက်သည်

"...  အဲ့ဒီအစီအရင်တွေကို တိမ်ပင်လယ် ပင်မကုန်းမြေနဲ့ တသားနှင့် ဖြစ်အောင် လျှိုဝှက်နည်းစနစ်နဲ့ ပေါင်းစပ်ထားပြီးပြီကွ ...
အဆင့်မြင့် နတ်ဘုရား တပ်မဟာကြီး ချီတက်လာရင်တောင် အစီအရင်အာူလုံးမပြောနဲ့ ...အစီအရင်တစ်ခုကိုတောင် ယူနိုင်မှာ မဟုတ်ဘူး..."

အောင်းတိုင်ရီက ရှင်းပြနေစဉ် ရှောင်လုံက မြို့ကြီးတစ်မြို့ဆီသို့ ပျံသန်းသွားလိုက်သည်။
ထိုနောက် ငရဲမျက်လုံးကို ဖွင့်၍ ပတ်ဝန်းကျင်အား အကဲခတ်လိုက်သည်။ မြို့များက ပင်မကုန်းမြေပေါတွင် မိုးရာသီတွင် ထွက်လေ့ရှိသည့် မှိုများကဲ့သို့
နေရာအနှံတွင် ရှိနေသည်။ အနယ်နယ်အရပ်ရပ်မှ သိုင်းပညာရှင်များလည်း ဝင်ထွက်သွားလာနေကြသည်။ ထိုကြောင့် မြို့တိုင်းက အလွန်ပင် စည်းကားသိုက်မြိုက်လျက်ရှိသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now