566 - 570

172 14 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၅၆၆ ... သက်ပြင်းချသံတစ်ခု

ရှဲနင်ထံမှ ပေါက်ကွဲထွက်လာသော စွမ်းအားများကြောင့် ဂူဒူလျန်နှင့် ဝမ်ပြောင်ယွမ်မှလွဲ၍ တခြားပြိုင်ပွဲဝင်များအပါအဝင်အားလုံး စိတ်လှုပ်ရှားသွားကြသည်။ ရှဲနင်ထံမှ စွမ်းအားများပေါက်ကွဲလာမှုကိုကြည့်ရင်း သူ့တို့၏ မျက်နှာထက်တွင် အမူအရာ အမျိုးမျိုးဖြစ်ပေါ်နေကြသည် ။

".... နတ်ဘုရားအဆင့်၁ နောက်ဆုံးရဲ့ အထွတ်အထိပ်အဆင့်သိုင်းပညာရှင်ပဲ ....!
ရှဲနင်က အဲ့အဆင့်ကိုတောင် ရောက်နေပြီလား ...!"

"... ငါတို့တော့ ပွဲကြီးပွဲကောင်းတစ်ပွဲ ကြည့်ရပြီထင်တယ် .... ဟောင်ရှောင်လုံကိုလည်း အထင်သေးလို့ မရဘူးနော် .... တကယ်လို့ ရှဲနင်က သူ့ကိုနိုင်သွားရင် ဟောင်ရှောင်လုံတော့ အကြီးအကျယ်မျက်နှာပျက်ပြီပဲ .... အဲ့လိုသာဖြစ်ရင် သူ အဆင့် ၁၀အတွင်းကိုတောင် ဝင်နိုင်မှာမဟုတ်တော့ဘူး ...."

သိုင်းပြိုင်စင်အောက်မှ ဆွေးနွေးသံအမျိုးမျိုး ထွက်ပေါ်နေသည်။

ပြိုင်ပွဲ၏ စည်းကမ်းအရ ရှောင်လုံသာ ရှဲနင်ဆီမှာ ရှုံးနိမ့်သွားခဲ့လျှင် အဆင့် ၁၀ အပြင်ဘက်သို့ ရောက်ရှိသွားမှာ ဖြစ်သည်။ ထိုအပြင် ရှောင်လုံအနေနှင့် အဆင့် ၁၀ အတွင်းမှ တခြားကျောင်းသားကးများကိုလည်း စိန်ခေါ်ခွင့်မရှိတော့ပေ ။

"... မင်းသေချာပြောနိုင်လို့လား ...? လွန်ခဲ့တဲ့ သုံးနှစ်က အဖြစ်အပျက်ကိုဘဲ ပြန်ကြည့်အုံး .... အဲ့ဒိအချိန်တုံးက ဝမ်မိသားစုရဲ့ နတ်ဘုရားအဆင့် ၁ နောက်ဆုံးအဆင့် ကိုယ်ရံတော် လေးယောက် ဝိုင်းပြီးတိုက်ခိုက်တာတောင် ဟောင်ရှောင်လုံကို အနိုင်မရခဲ့ဘူးနော် ... ဟောင်ရှောင်လုံကို အနိုင်ယူဖို့ အဲ့လောက်တော့ မလွယ်ဘူး ...."

အပြင်စည်းတပည့်အများစုက ရှောင်လုံအနိုင်ရနိုင်မည့် အခွင့်အရေး ပိုများသည်ဟု ယုံကြည်ထားကြသည်။ ရှောင်လုံက ဝမ်အိမ်တော်မှ နတ်ဘုရားအဆင့် ၁ နောက်ဆုံးအဆင့် ကိုယ်ရံတော်လေးယောက်ကို လက်ဝါးတစ်ချက်တည်းဖြင့် အနိုင်ယူခဲ့သည်။ ထိုကိစ္စက လျှိုဝှက်ချက်တစ်ခု မဟုတ်ပေ ။ ယခုသိုင်းပြိုင်ကွင်းအတွင်းမှ လူများက ထိုကိစ္စကို တနည်းနည်းဖြင့် သိထားကြသာများ ဖြစ်သည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now