391 - 395

213 18 0
                                    

အပိုင်း ၃၉၁ .....

   ".... နတ်အတွင်းအားသိုင်း အဆင့်တစ်ဆယ်ဟုတ်လား ....?"
ရှောင်လုံက သူ့ဘာသာသူ တီးတိုးရေရွတ်လိုက်သည်။
".... ဆရာက အဆင့်တစ်ဆယ်ရောက်ရင် နတ်ဘုရား စကြာဝဠာဂိုဏ်းက ဂိုဏ်းချုပ်ကိုနိုင်နိုငတယ်ဆိုတော့ အဆင့်ကိုးနဲ့ အဆင့် တစ်ဆယ်ကြားမှာ တော်တော်လေးကို ကွာဟချက်ကြီးမားနေလို့ပဲ ဖြစ်ရမယ် ..."

ထိုနောက်  ရှောင်လုံက တိမ်ကြယ်တာရာတိုင်းပြည်အတွင်း ကျန်ရှိနေသေးသော အင်အားစုတွေအကြောင်းကို ဆက်လက်မေးမြန်းလိုက်သည် ။ ဥပမာအားဖြင့် ဆိုရလျင် နတ်တံခါးဂိုဏ်း နယ်မြေခေါင်းဆောင် အယောက်လေးဆယ်မက ရှိကြသည် ။ အကြီးအကဲတွေကတော့ အယောက်သုံးဆယ်ကျော်ရှိသည် ။

နတ်တံခါးဂိုဏ်းတွင် နယ်မြေခေါင်းဆောင်နှင့် အကြီးအကဲတွေက ရာထူးချင်းအတူတူပဲ ဖြစ်သည်။ ကွာခြားချက်မှာ သူတို့၏ လုပ်ငန်းဆောင်တာများပင်ဖြစ်ကြသည် ။ အကြီးအကဲတွေက နတ်တံခါးဂိုဏ်း၏ အတွင်းပိုင်းကိစ္စတွေကို ိုင်တွယ်ဖြေရှင်းကြပြီး နယ်မြေခေါင်းဆောင်တွေက အပြင်ဘက်မှ ကိစ္စတွေကို ကိုင်တွယ်ကြသည်။

ညက ငြိမ်သက်စွာဖြင့် ကုန်ဆုံးသွားလေသည်။
ထိုနောက် ပုဇွန်ဆီရောင် နေမင်းကြီး၏ ရောင်ခြည်တန်းတွေက မိုးကုတ်စက်ဝိုင်းအရှေ့ဘက်ကနေ စတင် ထွက်ပေါ်လာသည် ။
နေရောင်ခြည်ထွက်ပေါ်လာတော့ တင်ပျင်ခေ့်ထိုင်ရင်း အတွင်းအားလေ့ကျင့်ခန်းပြုလုပ်နေသော ရှောင်လုံလည်း မျက်လုံးပွင့်လာသည်။
သူကပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။
ထျန်လေးကတော့ သစ်ပင်ပင်စည်တစ်ခုကိုမှီ၍ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေလေသည်။
သူ့ပါးစပ်မှ အိပ်နေရင်နဲ့တောင် ယောင်နေ၏

".... အရသာရှိတယ် ...အရမ်းကို အရသာရှိတာပဲ .."

ကြည့်ရတာ ထျန်လေးက သူ့အိမ်မက်ထဲမှယတေယင် ရှောင်လုံကင်ပေးထားသော မီးသမင်အသားကို အားပါးတရစားသုံးနေပုံရသည်။
သူ့ပါးစပ်မှ သရေတွေစီးကျရင်း သူ့ရင်ဘတ်တစ်ခုလုံးစိုရွှဲနေလေသည်။

ရှောင်လုံလည်း ချစ်စရာကောင်းသော ထျန်လေးကိုကြည့်ရင်း ပြုံးလိုက်သည်။ သို့သော် သူက ထျန်လေးကို မနှိုးသေးဘဲ ဆက်အိပ်ခိုင်ထားလိုက်သည်။ သူကတော့ နတ်လက်စွပ်ထဲမှ နတ်ဓားသိုင်းကျမ်းကို ထုတ်ယူလိုက်သည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now