466 - 470

164 11 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၄၆၆ .....

  ကျားလူသားမျိုးနွယ်စုမှ အကြီးအကဲနှစ်ယောက်က စကြာဝဠာအဆင့် ၈ သိုင်းပညာရှင်များဖြစ်ကြသော်လည်း  သူတို့က စဦးအဆင့်၌သာရှိနေသေးသည်။ ရှောင်လုံ၏ လက်ရှိအစွမ်းနှင့်ဆိုလျှင် သူတို့နှစ်ယောက်ကို အသာအယာဖြင့် အနိုင်ယူနိုင်စွမ်းရှိသည်။

ထိုနောက် ရှောင်လုံက ဂျက်ဆီကို အေးစက်စက်ဖြင့် စိုက် ကြည့်လိုက်သည်။
ရှောင်လုံ၏ အေးစက်စက်အကြည့်ကြောင့် ဂျက်ဆီ တစ်ကိုယ်လုံး အေးစက်သွားသည်။ သူကအနောက်သို့ ဆုတ်ရင်းနှင့် အော်ပြောလိုက်သည်။

"... မင်း ... မင်းလုပ်ရဲလို့လား ...?"

သူ့စကားမဆုံးသေခင်မှာဘဲ ရှောင်လုံကန်ချက်ကြောင့် ဂျက်ဆီတစ်ယောက် မီတာပေါင်းများစွာ လွင့်ထွက်သွားလေသည်။ ထိုနောက် ဂျက်ဆီက တောင်နံရံနှင့် တိုက်မိပြီး မြေကြီးပေါ်သို့ ပြန်ပြုတ်ကျလာသည်။ ရှောင်လုံ၏ ကန်ချက်က ဂျက်ဆီ၏ သည်းခြေအိတ်ကိုပျက်စီးသွားစေသည်။
ဂျက်ဆီပါးစပ်မှ သွေးများအန်ထွက်လာသည်။

"... မ...မလုပ်ပါနဲ့ ... ငါမင်းကို နတ်နဂါးမြက်တွေပေးပါ့မယ် ...."

ဂျက်ဆီက ကြောက်လန့်တကြားပြောလိုက်သည်။
ထိုနောက် သူ့၏ သိုလှောင်လက်စွပ်ထဲမှ နတ်နဂါးမြက်တွေကို ထုတ်ပေးလိုက်သည်။

ဂျက်ဆီက နတ်နဂါးမြက် ငါးပင်ကို ရရှိထားခဲ့သည်။
ရှောင်လုံလက်ဝါးကနေ ဆွဲ ငင်အားတစ်ခု ဖြစ်ပေါ်လာပြီး နတ်နဂါးမြက်တွေကို စုပ်ယူ၍ နတ်လက်စွပ်ထဲတွင် သိမ်းဆည်းလိုက်သည်။

"... ငါတို့ နတ်နဂါးမြက်တွေကို မလိုချင်တော့ပါဘူး အခုချက်ချင်းထွက်သွားပါ့မယ် ....."

ဂျက်ဆီက မြေကြီးပေါ်ကနေ ကုန်ရုန်းထ၍ ထွက်ပြေးသွားလေသည်။ ရိဒ်နှင့် ခရစ်တို့နှစ်ယောက်ကလည်း ဂျက်ဆီအနောက်ကနေ အမြီးတန်းနေအောင် ထွက်ပြေးသွားကြသည်။

ရှောင်လုံက သူတို့သုံးယောက် ကြောက်လန့်တကြား ထွက်ပြေးသွားခြင်းကို အေးစက်စက်သာ ကြည့်နေလေသည်။ ဂျက်ဆီတို့သုံးယောက်စလုံး မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားချိန်ကြမှ ရှောင်လုံကညတောင်နံရံ ပေါ်သို့ ခုန်တက်လိုက်သည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now