501 - 505

155 11 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်
အပိုင်း ၅၀၁ ....
ငမန်းအင်ပါရာက သူ့၏ ပထမဆုံးတိုက်ခိုက်မှု အောင်မြင်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူက ရှောင်လုံကိုကြည့်ရင်း လှောင်ပြောင်လိုက်သည်
"... ဟောင်ရှောင်လုံ ....အဆိပ်နောက်ချေးပိုးတွေသာ မပါရင် မင်းလိုကောင်ကို လက်နှစ်ချောင်းထဲနဲ့ ညစ်သတ်ပစ်လို့ရတယ်ကွ ... မင်းလို ငချွတ်လေးက ငါတို့တိုင်းပြည်ကြီးကို ဘယ်လိုလုပ် စုစည်းမလဲကွ   ...."
ငမန်စအင်ပါရာ ပါးစပ်မှ စကားပြောနေသော်လည်း လှုပ်ရှားမှုများက ရပ်တန့်ခြင်း မရှိပေ။ လက်ထဲမှ ပင်လယ်တောင်ဝှေ့ဖြင့် ရေခဲရုပ်ထုဖြစ်သွားသည့် ရှောင်လုံအား ဆောင့်ချလိုက်သည်။
ရေခဲရုပ်ထုနှင့် ပင်လယ်တောင်ဝှေ့ ထိလိုက်သည်နှင့်တစ်ပြိုင်နက် ရှောင်လုံခန္ဓာကိုယ်က တစ်စစီကြေမွသွားမှာ ဖြစ်သည်။ ထိုကဲ့သို့ ကြေမွသွားလျှင် နတ်ဘုရာသအဆင့် သိုင်းပညာဂှင်တောင်မှ ရှောင်လုံကို ကယ်တိုင်နိုင်မှာ မဟုတ်တော့ပေ ။
ငမန်းအင်ပါရာ လက်ထဲမှ ပင်လယ်တောင်ဝှေ့ နှင့် ရှောင်လုံခန္ဓာကိုယ်ထိတွေ့သွားမည့် အချိန်ကို အားလုံးက အသက်အောင့်ရင်း ကြည့်နေကြသည်။
ဘုရင်မကယ်လီစိတ်ထဲမှာ  ခုန်သံမြန်နေသော သူ့နှလုံးသားက ပါးစပ်ထဲမှ ခုန်ထွက်သွားတော့မည်ဟု ခံစားနေရသည်။ အောင်းကွမ် ၊ ချပ် ၊ လွေဂျေ နှင့် တခြားလူများကလည်း အကြောများထောင်လာသည်အထိ လက်သီးကို ကျစ်ကျစ်ကာအောင် ဆုပ်ထားကြသည်။
ပင်လယ်တောင်ဝှေ့က ရေခဲရုပ်ထုနှင့် လက်မအနည်းငယ်အကွာသို့ ရောက်လာသည့်အခါ
ရေခဲရုပ်ထုထဲမှ လက်တစ်ဖက်ထွက်ပေါ်လာပြီး တောင်ဝှေ့အား ဖမ်းဆွဲလိုက်သည်။
ငမန်းအင်ပါရာစိတ်ထဲမှာ သူ့တောင်ဝှေ့အပေါ်သို့ ဧရာမတောင်ကြီးတစ်လုံး ပိကျလာသလိူ ခံစားလိုက်ရသည်။ ထိုအပြင် သူ့အားကုန်အသုံးပြုနေသော်လည်း တောင်ဝှေ့အား ပြန်ဆွဲထုတ်၍ မရပေ။ လှောင်ရိပ်များသမ်းနေခဲ့သော ငမန်းအင်ပါရာ ၏ မျက်နှာထက်က သွေးရောင်ပျောက်ဆုံး၍ ဖြူဖပ်ဖြူရော် ဖြစ်သွားလေသည်။
".... ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ...?"
ထိုနောက် မြည်ဟိန်းသံတစ်ခုနှင့်အတူ ရေခဲရုပ်ထုကြီးက အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားပြီး ရှောင်လုံပြန်လည်ပေါ်ထွက်လာသည်။
".... မင်း.....မင်း ... မင်က ပင်လယ်နတ်ဘုရားရဲ့ စွမ်းအားတွေကို မကြောက်ဘူးလား...?"
ငမန်းအင်ပါရာက တုန်လှုပ်စွာဖြင့် ရေရွတ်လိုက်သည်။ ငမန်းအင်ပါရာသည် တစ်ချိန်က စကြာဝဠာ အဆင့်၁၀ နောက်ဆုံးအဆင့် သိုင်းပညာရှင်တစ်ဦးနှင့် တိုက်ခိုက်ခဲ့ဘူးသည်။ ထိုသိုင်းပညာရှင်က ပင်လယ်နတ်ဘုရားစွမ်းအားကြောင့် လက်တစ်ဖက်လုံး ရေခဲအဖြစ်သို့ပြောင်းလဲသွားခဲ့သည်။ ထိုသိုင်းပညာရှင်က သူ့လက်ထဲမှ ရေခဲဓတ်များ ပယ်ထုတ်နိုင်အောင် တစ်ရက်လုံးလုံး မနေမနား ကြိုးစားခဲ့ရသည်။
သို့သော် ရှောင်လုံက စက္ကန့်အတွင်းမှာဘဲ ရေခဲဓတ်အားလုံးကို ပယ်ထုတ်နိုင်လိုက်လေသည်။
ရှောင်လုံက ငမန်းအင်ပါရာအား အေးစက်စက်စိုက်ကြည့်လိုက်သည်။ ထိုနောက် ရှောင်လုံနောက်ကျောဘက်မှ ယပ်တောင်ဖွင့်လိုက်သလို လက်အမြောက်အများ ထွက်ပေါ်လာသည်ကို ငမန်းအင်ပါရာမြင်တွေ့လိုက်သည်။  ထွက်ပေါ်လာသည့် လက်အရေအတွက်မှာ စုစုပေါင်း လက်တစ်ထောင် ဖြစ်သည်။
ထိုလက်တစ်ထောင်က ငမန်းအင်ပါရာအား တစ်ပြိုင်နက် တိုက်ခိုက်လာလေသည်။ ထိုလက်တစ်ထောင်က လက်ဝါးသိုင်းကွက်ဝင်္ကပါများ ၊ လက်ညိုးသိုင်းများ ၊ နတ်ဆိုး ၊ တစ္ဆေ ၊ ရွှေရောင် ဗုဒ္ဓ နှင့် တခြားမတူညီသည့် သိုင်းကွက်ပေါင်းများစွာကို အသုံးပြု၍ တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
ငမန်းအင်ပါရာက မျက်လုံးပြူးကျယ်သွားပြီး
သူ့တစ်ကိုယ်လုံး သေမင်းနိမိတ်များ ဖုံးလွှမ်းသွားသလို ခံစားလိုက်ရသည်။
"... ပင်လယ် နတ်ဘုရား အကာအကွယ် ...."
ငမန်အင်ပါရာက မာန်သွင်း၍ အော်ဟစ်လိုက်သည်။ သူ့အော်သံအဆုံး၌ ပင်လယ်တောင်ဝှေ့မှ အပြာရောင် အလင်းတန်းများစွာ ပေါက်ကွဲထွက်လာသည် ။ ထိုအလင်းတန်းများက
သူ့ခန္ဓာကိုယ်နှင့် ထိတွေ့သွားပြီးသည့်နောက် အကာအကွယ်အလွှာ တစ်ခု အဖြစ်သို့ ပြောင်းလဲသွားလေသည်။ အကာအကွယ်ပေါ်တွင်
သေးငယ်သော ရှေးဟောင်းသင်္ကေတ လက္ခဏာများ လှည့်ပတ်နေသည်။ ထိုအတားအဆီးအလွှာက ထာဝရမပျက်ဆီးနိုင်သော လှိုင်းလုံးကြီးတစ်ခုနှင့် တူနေလေသည်။
ထိုနောက် ရှောင်လုံ လက်တစ်ထောင်၏  တိုက်ခိုက်မှုများက အတားအဆီးအလွှာပေါ်သို့ ကျရောက်သွားလေသည်။
ဘုန်း..ဘုန်း....ဘုန်း......
သိုင်းကွက်များက အတားအဆီးအလွှာနှင့် ထိတွေမိပြီးနောက် မိုးခြိမ်းမတတ် ကျယ်လောင်သော မြည်ဟိန်းသံများ ထွက်ပေါ်လာလေသည်။ ထိုမြည်ဟိန်းသံများထွက်ပေါလာပြီးနောက် ငမန်းအင်ပါရာ ပတ်လည်တွင် တားဆီးပေးထားသည့် အတားအဆီးအလွှာတွင် အရောင်များ မှေးမှိန်လာသည်။ ထိုနောက် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသည်။ ငမန်းအင်ပါကာက အနောက်ဘက်သို့ လွင့်ထွက်သွားပြီး ရင်ပြင်ကျယ်ကြီး၏ အစွန်းတွင် ကာရံထားသည့် တံတိုင်းနှင့် တိုက်မိသွားသည်။
သူ့ကိုယ်ပေါ်မှ ခမ်းနားထည်ဝါသော အဝါရောင် အင်ပါရာ အကျီကလည်း သူတောင်စား အင်္ကျီထက်ပို၍ ဖွာလန်ကျဲသွားသည်။
ရင်ပြင်ကျယ်ကြီးတစ်ခုလုံး ငြိမ်ကျသွားလေသည်။
သက်ပြင်းချသံများနှင့်အတူ လူအားလုံး၏ မျက်နှာထက်တွင် ကြောက်ရွံစိတ်များဖြင့် ပြည့်နှက်နေသည်။
ငမန်းအင်ပါရာက အရပ်ဆယ်မျက်နှာတိုင်းပြည်၏ နံပါတ်တစ် သိုင်းပညာရှင်ဖြစ်သော အောင်းကွမ်နှင့် မယှဉ်နိုင်သော်လည်း ထိပ်သီးသိုင်းပညာရှင် သုံးယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ ထိုအပြင် သူ့အသုံးပြုခဲ့သည် ပင်လယ်နတ်ဘုရား အကာအကွယ်ကလည်း နတ်ဘုရား အဆင့် သိုင်းပညာရှင်များသာ ချေဖျက်နိုင်တာကြောင့် မချိုးဖောက်နိုင်သော အတားအဆီးအဖြစ် နာမည်ကျော်ကြားသည်။ သို့သော် နာမည်ကျော်အတားအဆီးက ရှောင်လုံနှင့်တွေ့ချိန်တွင် အစိတ်စိတ်အမွှာမွှာ ပျက်ဆီးသွားသည်ကို အားလုံးမျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည်။
ထိုအပြင် သိုင်းကွက်တစ်ကွက်အတွင်းမှာတင် ပျက်ဆီးသွားခြင်းဖြစ်သည်။
".... ပင်လယ်အင်ပါရာ အရှင် ...."
ပင်လယ်မျိုးနွယ်စုမှ သိုင်းပညာရှငိများက ငမန်းအင်ပါရာအား  အလောတကြီး ပြေးထွက်၍ ကယ်တင်ရန် ပြင်ဆင်လိုက်ကြသည်။
သို့သော် သူ့တို့ မလှုပ်ရှားနိုင်ခင်မှာ အောင်းကွမ်တို့လူစုက သူ့တို့အရှေ့တွင် ပိတ်ဆို့ပြီးသား ဖြစ်နေသည်။
"... ကိုယ့်နေရာကိုယ်ပြန်စမ်း ..."
ပင်လယ်မျိုးနွယ်မှ သိုင်းပညာရှင်များက မတတ်သာသည့်ပုံစံဖြင့် မူလနေရာသို့ ပြန်သွားလိုက်ကြရသည်။
"... ဘယ်သူ ထွက်လာရဲသေးလဲ ...?.
အောင်းကွမ်က လူအုပ်ကြီးကိုကြည့်ရင်း အော်မေးလိုက်သည်။ ရင်ပြင်ကျယ်အတွင်းမှ သိုင်းပညာရှင်များက တိုးမပေါက်အောင် များပြားသည့် မိစ္ဆာသားရဲများနှင့် သားရဲလူသားများအား ကြောက်လန့်တုန်လှုပ်နေသည့် မျက်လုံးများဖြင့်သာ ငေးကြည့်နေကြသည်။
ထိုအချိန်တွင် ရင်ပြင်ကျယ်အလယ်မှ ရှောင်လုံက ရုတ်တရက်ပျောက်ကွယ်သွားပြီး အစိမ်းရောင်နတ်ဆိုးဂိုဏ်းချုပ် မန်ရှု ဘေးနားတွင် ပြန်ပေါ်လာသည်။ သူ့အရှေ့သို့ ရုတ်တရက် ရောက်ရှိလာသော ရှောင်လုံကြောင့် မန်ရှုတစ်ယောက် တုန်လှုပ်ခြောက်ခြားသွား၏ ။
".... အစိမ်းရောင်နတ်ဆိုး အဆိပ်အရည်အဖြစ်သို့ ပြောင်းလဲခြင်း ...."
မန်ရှုက ရူးသွပ်သွားသည့်နှယ် အော်ဟစ်လိုက်သည်။ မန်ရှုခန္ဓာကိုယ်နံဘေးတွင် စူးရှတောက်ပသော အစိမ်းရောင် အလင်းတန်းတစ်ခု တလက်လက်တောက်ပလာသည်။ ထိုနောက် သူ့ခန္ဓာကိုယ်က အဆက်မပြတ် တွန့်လိမ်၍ အစိမ်းရောင် အရည်တန်း တစ်ခု အဖြစ်သို့ ပြောင်းလဲသွားလေသည်။
"... ဒါ အစိမ်းရောင်နတ်ဆိုး အဆိပ်အရည်အဖြစ်သို့ ပြောင်းလဲခြင်း နည်းစနစ်ဘဲ ...."
"....  အဆိပ်ရောင် နတ်ဆိုး အဆိပ်အရည်အဖြစ်သို့ ပြောင်းလဲခြင်း သိုင်းကျမ်းကို မန်ရှု လေ့ကျင့်နေတာ အောင်မြင်သွားခဲ့ပြီကိုး ...."
ချပ်နှင့် အောင်းကွမ်အပါအဝင် ပတ်ဝန်းကျင်မှ သိုင်းပညာရှင်များက မန်ရှုကိုကြည့်ရင်း မျက်နှာ၌ သွေးရောင်များ ပျောက်ဆုံးကုန်ကြသည်။
အစိမ်းရောင် နတ်ဆိုး အဆိပ်အရည်အဖြစ်သို့ ပြောင်းလဲခြင်း နည်းစနစ်က အစိမ်းရောင် နတ်ဆိုး မျိုးနွယ်စု၏ ထိပ်တန်း သိုင်းကျင့်စဉ် တစ်ခုဖြစ်သလို သိုင်းဝိညာဉ်ကမ္ဘာကြီးအတွင်းမှ အဆိပ်သိုင်းကျင့်စဉ်များထဲတွင် ထိပ်တန်းသိုင်းကျင့်စဉ် တစ်ခုလည်း ဖြစ်သည်။
ထိုသိုင်းပညာရပ်ကို အောင်မြင်စွာ လေ့ကျင့်နိုင်ခဲ့သူက သူ့ခန္ဓာကိုယ်အား ကမ္ဘာပေါ်တွင် အဆိပ်အပြင်းဆုံး အရည်တစ်ခု အဖြစ်သို့ ပြောင်းလဲစွမ်းရှိသွားသည်။ ထိုအဆိပ်အရည်က ၎င်းနှင့် တစ်စက်ကလေး ထိတွေ့မိရုံဖြင့် စကြာဝဠာ အဆင့် ၁၀ နောက်ဆုံး သိုင်းပညာရှင်တစ်ယောက်ကို
အငွေ့ပျံ ပျောက်ဆုံးသွားစေနိုင်သည်။ ထိုအပြင် အဆိပ်အရည်အဖြစ်သို့ ပြောင်းလဲပြီးနောက်
ရုပ်ပိုင်းဆိုင်ရာ သိုင်းကွက်များဖြစ်သည့် လက်သီး ၊ လက်ဝါး အပြင် နတ်ဘုရားအဆင့် လက်နက်များတောင်မှ ထိုသူ့ကို သေအောင် သတ်နိုင်စွမ်း မရှိပေ ။
ထိုသိုင်းပညာရပ်က တစ်လောကလုံးတွင် ပြိုင်ဘက်ကင်းလုနီးပါး သိုင်းကျမ်းတစ်ခု ဖြစ်သည်။
ရှေးခတ်အချိန်က သားရဲနတ်ဘုရားသည်  ၎င်းသိုင်းပညာရပ်ကို ကျွမ်းကျင်တတ်မြောက်ထားသည့်  အစိမ်းရောင်နတ်ဆိုးဂိုဏ်း၏ ပထမ ဂိုဏ်းချုပ်နှင့် တစ်နေ့တစ်ညတိုင်အောင်
ယှဉ်ပြိုင်ခဲ့ရသည်။ နောက်ဆုံးတွင် အစိမ်းရောင် နတ်ဆိုးဂိုဏ်းချုပ်က အဆိပ်အရည်အဖြစ်သို့ ပြောင်းလဲရန် အတွင်းအား မလုံလောက်ခြင်းကြောင့် မူလ ခန္ဓာကိုယ်အသွင်သို့ ပြန်ပြောင်းလိုက်ရသည်။ ထိုအချိန်ကြမှ သားရဲနတ်ဘုရားက အနိုင်ရခဲ့သည်။
သို့သော် အစိမ်းရောင်နတ်ဆိုး အဆိပ်အရည်အဖြစ်သို့ ပြောင်းလဲခြင်း သိုင်းကျင်စဥ့်အား ပထမ အစိမ်းရောင် နတ်ဆိုးဂိုဏ်းချုပ်သာ အောင်မြင်စွာ လေ့ကျင့်နိုင်ခဲ့သည်။ သူ့နောက်မျိုးဆက်ဖြစ်သော ဂိုဏ်းချုပ် အစဉ်အဆက်က ထိုသိုင်းကျင့်စဉ်ကို
အောင်မြင်အောင် မလေ့ကျင့်နိုင်ခဲ့ကြပေ ။
ထိုကြောင့်လည်း မန်ရှုတစ်ယောက် ၎င်းသိုင်းကျင့်စဉ်အား  လေ့ကျင့်အောင်မြင်နေမည်ဟု မည်သူမှ မထင်ခဲ့ကြခြင်း ဖြစ်သည်။
နှစ်ပေါင်းတစ်သောင်းကျော်ကြာမြင့်ခဲ့ပြီးနောက် မန်ရှုနှင့်အတူ အစိမ်းရောင် နတ်ဆိုး အဆိပ်အရည်အဖြစ်သို့ ပြောင်းလဲခြင်း သိုင်းကျင့်စဉ်က သိုင်းလောကထဲကို တစ်ဖန် ပြန်လည်ပေါ်ထွက်လာခဲ့ချေပြီ။
"... သားရဲ နတ်ဘုရားအရှင် သတိထားပါ ...."
အောင်းကွမ်က အော်ဟစ် သတိပေးလိုက်သည်။
ထိုအချိန်တွင် အဆိပ်အရည်အဖြစ်သို့ ပြောင်းလဲသွားသည့် မန်ရှုက ရှောင်လုံနံဘေးတွင် လှည့်ပတ်ရန် ကြိုးစားလိုက်သည်။ အစိမ်းရောင် အဆိပ်အရည်တန်းကြီး ဖြတ်သန်းသွားရာလမ်းတစ်လျှောက် လေဟာနယ်ထဲတွင် အစိမ်းရောင် အမြုပ်များ ကျန်ရစ်ခဲ့လေသည်။ ၎င်းအဆိပ်က သူ့ဖြတ်သန်းလာသည့် လေဟာနယ်ကိုပင် တိုက်စားနိုင်စွမ်းရှိသည်။ သူ့၏ အဆိပ်ပြင်းထန်မှုက အားလုံးမျှော်လင့်ထားတာထက် ပို၍ ပြင်းထန်နေ၏ ။
အားလုံး၏ အကြည့်များအောက်မှာဘဲ အစိမ်းရောင် အဆိပ်အရည်များက ရှောင်လုံ အနားသို့ ရောက်ရှိလာလေသည်။ ရှောင်လုံက သူ့ဆီသို့လာနေသော အဆိပ်အရည်တန်းကြီးကိုကြည့်ရင်း လက်ဝါးတစ်ချက် ညင်သာစွာ ရိုက်ထုတ်လိုက်သည်။
"... နှောင်ဖွဲ့ခြင်း နတ်ဘုရား လက်ဝါးသိုင်း ..."
ရှောင်လုံလက်ဝါးမှ ရွှေရောင်စက်ဝန်းများ ဖြာထွက်လာသည်။ ရွှေရောင်စက်ဝန်းများနှင့် ထိတွေ့မိသွားသည့် အစိမ်းရောင် အဆိပ်အရည်တန်းကြီးက လေထဲ၌ ရပ်တန့်သွား၏ ။ ထိုအချိန်တွင် ရှောင်လုံလက်ဝါးပေါ်တွင် နူးညံသိမ့်မွေ့သော မီးတောက်လေးတစ်ခု တောက်လောင်လာသည်။ ထိုမီးတောက်လေးက တဖြည်းဖြည်း ပြန့်ကားလာပြီး အစိမ်းရောင် အဆိပ်အရည်များဘေးတွင် ရစ်ပတ်၍ မီးမြိုက်နေသည်။
".... ဟားဟား... ဟောင်ရှောင်လုံ ... မင်းရဲ့ မီးတောက်လေးနဲ့ ငါကို ထိခိုက်အောင် လုပ်နိုင်မယ်လို့
ထင်နေတာလား ....?"
ရပ်တန့်နေသော အစိမ်းရောင် အရည်ထဲမှ မန်ရှု၏ အားရပါးရ အော်ရယ်သံ ထွက်ပေါ်လာသည်
".....  အစိမ်းရောင်နတ်ဆိုး အဆိပ်အရည်ပြောင်းလဲခြင်း သိုင်းကျင့်စဉ်ကို လေ့ကျင့်ဖို့ အတွက်  ငါ နေတိုင်းငရဲကျသလို ခံစားခဲ့ရတယ် .... အဲ့ဒါတွေအားလုံးက ဒီနေ့အတွက်ပဲ .... "
"... ငါကမှ အရပ်ဆယ်မျက်နှာ တိုင်းပြည်ရဲ့
စစ်မှန်တဲ့ နံပါတ်တစ် သိုင်းသမားပဲ ...."
"... မင်းကို သတ်ပြီးရင် သားရဲနတ်ဘုရား တောင်ဝှေ့ကို ငါရပြီ .... တောင်ဝှေ့ကိုရပြီးရင် တောင်ဝှေ့ထဲက သားရဲနတ်ဘုရား စွမ်းအားနဲ့ ငါရဲ့ အဆိပ်အရည်တွေ ပေါင်းစပ်မယ် .... ဟားဟား ....ငါ တစ်လောကလုံး ပြိုင်ဘက်ကင်းပြီကွ .... တစ်လောကလုံး ငါလက်အောက်မှာ ခစားဖို့သာ ပြင်ထားကြ ...ဟားဟား...."
မန်ရှု၏ စကားသံများက ရင်ပြင်ကျယ်ကြီးတစ်ခုလုံးကို ပဲ့တင်ထပ်သွားလေသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now