531 - 535

198 10 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၅၃၁ ...သိုင်းဝိညာဉ်ကမ္ဘာမှ ထွက်ခွာခြင်း

နဂါးအင်ပါရာအောင်းတိုင်ရီက ထိုလူ၏အမည်ကို မပြောလိုမှန်း သတိပြုမိလိုက်တာကြောင့် ရှောင်လုံလည်း စကားလမ်းကြောင်းလွှဲလိုက်သည်။
အနက်ရောင် တက္ကသိုလ်၏ ကျောင်းသားရွေးချယ်ပွဲကလည်း အချိန်သုံးနှစ်နီပါး ကျန်နေသေးသည်။ ထိုကြောင့် ရှောင်လုံအတွက် အချိန်အနည်းငယ် ရှိနေသေးသည်။

ရှောင်လုံက ကျောင်းသားသစ် ရွေးချယ်ပွဲမစတင်မှီ
စကြာဝဠာ အဆင့် ၁၀ နောက်ဆုံး၏ အထွတ်အထိပ် အဆင့််သို့ရောက်ရှိရန် ပစ်မှတ်ထားလိုက်သည်။

ရှောင်လုံလိုချင်သည်မှာ ထိပ်ဆုံးသုံးယောက်အတွင်း မဟုတ်ပေ ။ ပထမနေရာသာ ဖြစ်သည်။

ပထမနေရာ ....!

ပထမ ၊ ဒုတိယ နှင့် တတိယနေရာလူများ ရရှိကြသည့် ဆုကလည်း အလွန်ပင် ကွာခြားသည်။
ထိုအပြင် အနက်ရောင် သူရဲကောင်း တက္ကသိုလ်၏ ပထမနေရာက ရှောင်လုံကို အခွင့်ထူးတစ်ချို့ ပေးစွမ်းနိုင်သည်။

ထိုအပြင် အနက်ရောင် တက္ကသိုလ်က ပထမနေရာရရှိသူအား အထူးသီးသန့် အပိုလက်ဆောင်တစ်ခုလည်း ပေးသည်။ ရှောင်လုံက သရဲနယ်မြေအား မြေလှန်ပြီးပြီဖြစ်တာကြောင့် ယခုတစ်ကြိမ်သိုင်းလေ့ကျင်ရန်အတွက် မူလတောအုပ်ကို ရွေးချယ်လိုက်သည်။

ရှောင်လုံ၏ ဘဝတွင် အလွန်အရေးပါခဲ့သည့် အဆိပ်နောက်ချေးပိုးများကိုလည်း မူလတောအုပ်အတွင်းမှ ထိန်းကျောင်းနိုင်ခဲ့ခြင်းပင် ။
ထိုအပြင် ရှောင်လုံ နဂါးပုလဲလုံး ရရှိခဲ့သည် ရှေးဟောင်းနဂါးသိုက်ကလည်း မူလတောအုပ်အတွင်း၌ပင် တည်ရှိသည်။
မူလတောအုပ်သည် ရှေးခတ်အခါကတည်းက တည်ရှိလာခြင်းကြောင့် တောနက်ထဲမှာ စကြာဝဠာ တစ်ပိုင်း သားရဲများစွာရှိမည်ဟု ရှောင်လုံ ယုံကြည်ထားသည်။

သုံးလခန့်ကြာပြီးနောက် မူလတောအုပ်၏ တစ်နေရာ...

မီတာခြောက်ရာ နီးပါးရှည်သော ဧရာမ မိချောင်းကြီးတစ်ကောင်သည် လေပေါ်မှ မြေပြင်ထက်သို့ ဇောက်ထိုး ပြုတ်ကျလာသည်။
သူ့ဦးခေါင်းခွံအလယ်တွင် ကြီးမားသော အပေါက်ကြီးတစ်ခု ရှိနေပြီး အသက်မရှိတော့ပေ။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now