221 - 225

248 21 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၂၂၁..... မြင့်မြတ်သောဗုဒ္ဓနိုင်ငံသို့ခရီးစဉ်

     "...အဖေ ...အမေ ..."
ရှောင်လုံက ဟောင်ပန်နှင့်စုရန်တို့အနားကိုသွားလိုက်ပြီး တခုခုပြောဖို့ကြိုးစားလိုက်စဉ်မှာပဲ စုရန်ကစကားဖြတ်ပြီးဝင်ပြောလိုက်သည်
"... ရှောင်လုံ ...အမေတို့ဘာမှမဖြစ်ပါဘူး..."

စုရန်စကားကိုကြားတာနဲ့ ရှောင်လုံက ငြိမ်သက်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည် ။ သူမိဘတွေ၏အဖြစ်ကိုကြည့်ရင်း သူမျက်လုံးတွေက လူသတ်ချင်စိတ်တွေဖြင့် နီရဲလာပြီး အနောက်သို့လှည့်ကာ အမိန့်ပေးလိုက်၏
"... အကုန်လုံးကိုသတ်...တယောက်မှချန်မထားနဲ့"

"...ဟုတ်ကဲ့...."

ထိုနောက် နာရီပိုင်းလောက်အကြာမှာပဲ ဒေါင်ရမ်းနိုင်ငံမှာ နှစ်ပေါင်းတဆထာင်ကျော်မားမားစွင့်စွင့် ရပ်တည်ခဲ့သော ယောင်အိမ်တော်ကြီးတခုလုံးက ရုတ်တရက်ဆိုသလို အပျက်အစီးပုံကြီးဘဝသို့ရောက်ရှိသွားသည် ။ ယောင်အိမ်တော်ကရှိသမျှလူတွေအကုန်လုံး အသတ်ခံလိုက်ရသည် ။ တခြားမြို့နယ်တွေမှာရှိသော ယောင်အိမ်တော်ဂိုဏ်းခွဲတွေပါ အမြစ်ပြတ်ချေမှုန်းခံခိက်ရခြင်းပင် ....။

ယောင်အိမ်တော်ဆိုတာက ဒေါင်ရမ်းနိုင်ငံအတွင်းမှာ နှစ်ပေါင်နှစ်ထောင်ကျော်သမိုင်းကြောင်းရှည်လျားသည့် အထွပ်အထိပ်မိသားစုကြီးတခုဖြစ်ခဲ့သည် ။ အခုတော့ ယောင်အိမ်တော်ကြီးတခုလုံးက ဒေါင်ရမ်းအင်ပါရာနိုင်ငံ၏ မြေပုံပေါ်ကနေ ထာဝရပျောက်ကွယ်သွားလေပြီ ...။

ဒေါင်ရမ်းတက္ကသိုလ်ကနေ ရှောင်လုံအနောက်သို့လိုက်ပါလာကြသော ဒေါင်ရမ် ၊ ဒေါင်ဝူဟန် နှင့် ဒေါင်ရမ်းနန်းတွင်းကတခြားသိုင်ပညာရှင်တွေအကုန်လုံးက ယောင်အိမ်တော်ကြီးအပျက်အစီပုံဘဝသို့ရောက်သွားတာကိုကြည့်ရင်း သက်ပြင်းကိုယ်စီချလိုက်ကြသည်။

ဂိုချန် ၊ ဂိုရှီဝမ် ၊ ဂိုရှီ ၊ ဂိုဖေးနှင့် ဂိုအိမ်သားတွေအကုန်လုံးကတော့ ယောင်အိမ်တော်၏အဖြစ်အပျက်ကိုကြည့်ရင်း နဖူးကနေ ချွေးသီးချွေးပေါက်တွေစီးကျလာသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now