851 - 855

151 11 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၅၁ ..... မင်း မှားမြင်တာပဲ ဖြစ်ပါလိမ့်မယ်

ရှောင်လုံ၏ လက်ရှိအဆင့်သည် ထိပ်ဆုံး အယောက် သုံးထောင် အတွင်းသို့ ဝင်ရောက်သွားပြီး သူ့၏ နာမည်သည် အဆင့်ဇယား၏ အောက်ဆုံးတွင် ပေါ်ထွက်လာသော်လည်း မည်သူမှ နာမည် အသစ်ကို သတိထားမိခြင်း မရှိပေ။

ခဏ ကြာပြီးနောက် မိုးပြာရောင် နဂါး တက္ကသိုလ်မဟာအကြီးကဲ တစ်ယောက်သည် အဆင့်ဇယားကို မတော်တဆ ကြည့်မိလိုက်လေသည်။

သို့သော်လည်း သူ အကြည့် မလွဲလိုက်မီတွင် အဆင့်ဇယား၏ အောက်ဆုံးနေရာကို မြင်လိုက်ရပြီးနောက် သူ့၏ အမူ အရာသည် တောင့်တင်းသွားလေသည်။

'ဟောင်ရှောင်လုံလား'

သူ၏ မျက်လုံး များက ပြူးကျယ်သွားလေပြီး ၄င်းတို့ကို လက်ဖြင့် ပွတ်သပ်လိုက်လေသည်။ သူမှားယွင်းနေခြင်း မဟုတ်ပေ။ ဤသည်မှာ အမှန်တကယ် ဟောင်ရှောင်လုံ၏ နာမည် ဖြစ်ပေသည်။

သူ့၏ အမူ အရာက ပြောင်းလဲသွားပြီး သူ့၏ ပါးစပ်သည် ဖွင့်လိုက်ပိတ်လိုက်ဖြစ်ကာ တုန်ယင် သွားလေသည်။ သူ့ဘေးရှိ မိုးပြာရောင် နဂါးတက္ကသိုလ် မဟာအကြီးအကဲ တစ်ယောက်သည် သူ့၏ ထူးဆန်းသော အမူအရာကို သတိထားမိသွားပြီးနောက် သိချင်စိတ်ဖြင့် မေးလိုက်လေသည်။

"ဘာဖြစ်တာလဲ "

ထို ပထမဆုံး တစ်ယောက်ဖြစ်သော မိုးပြာရောင်နဂါးတက္ကသိုလ်မဟာအကြီးအကဲတစ်ယောက်က အဆင့်စာရင်းကို လက်ညိုးထိုးပြပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်လေသည်။

"အောက်ဆုံးမှာ ဟောင်ရှောင်လုံ... ရောက်နေပြီ...အဲ့မှာ ဟောင်ရှောင်လုံနာမည် ပေါ်လာပြီ "

"ဟောင်ရှောင်လုံ လား "

ချင်ယီ ၊ စန့်ချူနှင့် အခြားသူများက ထိုစကားကို ကြားလိုက်ရချိန်တွင် ထိုမဟာ အကြီးအကဲ ညွှန်ပြရာ အဆင့်ဇယားဆီသို့ ချက်ချင်းကြည့်လိုက်ကြပေသည်။ သို့သော်လည်း သူတို့၏ အကြည့်များ အဆင့်ဇယား၏ အောက်ခြေသို့ မရောက်ရှိသေးသည့် တစ်ခဏတွင် ရှောင်လုံ၏ နာမည် တစ်နေရာ၌ အလင်းတစ်ချက် လက်သွားပြီး ယွမ်ကျီး ဟု အမည်ရသော အခြား တပည့်တစ်ယောက် က အစားထိုးသွားလေပြီး အဆင့် ၃၀၀၀ နေရာကို ယူဆောင်သွားပေသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now