826 - 830

172 9 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၂၆.....ကောင်းကင် ဘုံတောင်တန်း၏ ထိပ်ဖျား

'ကောင်းကင်ထိုးဖောက်ခြင်း သားရဲဘုရင်က ကောင်းကင်ဘုံတောင်တန်းပေါ်မှာ ရှိနေတာလား'

ဤသတင်းကို ရှောင်လုံ မမျှော်လင့်ထားခဲ့ပေ။ကောင်းကင်ထိုးဖောက်ခြင်း သားရဲဘုရင်အပြင် သူနှင့် အရည် အချင်းတူများဖြစ်သော ဘိုးဘေးတောင်ဆိတ် ၊နဂါးစိမ်းသားရဲဘုရင်နှင့် ဘိုးဘေး ဘီဖန်း တို့သည်လည်း ပါရှိပေသည်။

အဖြူရောင်ကျား နတ်မီးတောက် ၏ သတင်းအချက်အလက်သည် ပျံ့နှံ့သွားသည်လား။ထိုကဲ့သို့သော တိုက်ဆိုင်မှုများမဖြစ်နိုင်သောကြောင့် ရှောင်လုံသည် ခေါင်းကို ယမ်းလိုက်လေသည်။

"မင်းတို့ဘယ်လို ထင်ကြလဲ... အဲ့တာက ကောင်းကင်ဘုံ နတ်ဘုရားရဲ့ နတ်ဘုရား ဦးခေါင်း အပိုင်းအစများလား"

"နတ်ဘုရား ဦးခေါင်း အပိုင်းအစက အဲ့ဒီမှာ ရှိနေတာပဲ ဖြစ်ရမယ်...သိပ်မကြာခင်တုန်းက ဝမ်ကျန့်ရှင်း ရှာတွေ့ခဲ့တဲ့ နတ်ဘုရားဦးခေါင်း အပိုင်း အစကို အဖြူရောင်ကျား တက္ကသိုလ်က လေလံတင်ခဲ့တယ်လေ...ကောင်းကင်ဘုံတောင်တန်းကြီးပေါ်မှာ ဦးခေါင်း အပိုင်းအစ တစ်ခု ထက်ပိုပြီး ရှိမှာ သေချာတယ်"

"အဲ့ဒီ ဟောင်ရှောင်လုံက တကယ့်ကို အသုံး အဖြုန်းကြီးတဲ့ ကောင်ပဲ...သူက ကောင်းကင်ဘုံနတ်ဘုရားရဲ့ နတ်ဘုရား ဦးခေါင်း အပိုင်း အစကို ဝယ်ဖို့အတွက် ၅ ထရီလီယံတောင် အသုံးပြုခဲ့တယ်"

"ဒါကို ဗိုလ်ကျ စိုးမိုးတယ် လို့ခေါ်တယ်ကွ"

ထိုစားပွဲဆီမှ အသံများ ထပ်မံ ထွက်ပေါ်လာလေသည်။

သူတို့၏ စကားများကြောင့် ရှောင်လုံသည် ကြောင်အသွားလေပြီး ခါးသက်သက် ပြုံးလိုက်လေသည်။အသုံး အဖြုန်းကြီးသူတဲ့လား...ဗိုလ်ကျ စိုးမိုးသူတဲ့လား...။အမှန်တိုင်းဆိုရလျှင် သူ နတ်ဘုရား ဦးခေါင်းအပိုင်းအစကို လေလံဆွဲခဲ့စဥ်က အခြား အရာများကို စဥ်းစားခဲ့ခြင်း မရှိပေ။

ထိုသူများပြောသည်ကို နားထောင်ရင်း ရှောင်လုံသည် လေးလေးနက်နက် စဥ်းစားလိုက်မိသည်။ ကောင်းကင် ထိုးဖောက်ခြင်း သားရဲဘုရင် ၊ ဘိုးဘေးတောင်ဆိတ်နှင့် အခြားသူများသည် ဤနေရာသို့ ကောင်းကင်ဘုံ နတ်ဘုရား ၏ နတ်ဘုရားဦခေါင်း အပိုင်းအစကို ရှာဖွေရန်လာရောက်ကြခြင်း ဖြစ်သည်လား။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now