691 - 695

162 10 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်
အပိုင်း ၆၉၁ ..... ဆေးပညာရှင် အကဲဖြတ်ပွဲ?
ရှန်းမင်ကျီ!
မိုးပြာရောင်နဂါးနတ်မီးတောက်!
ဤစကားများကို ကြားလိုက်ချိန်၌ ရှောင်လုံ၏ မျက်လုံးများက ကျဉ်းမြောင်းသွားရပြီး ချက်ချင်း တုန်လှုပ်သွားမိသည်။
ထို ရှန်းမင်ကျီသည် ထိပ်တန်းနတ်မီးတောက်လေးမျိုးထဲမှ တစ်မျိုးဖြစ်သည့် မိုးပြာရောင်နဂါးနတ်မီးတောက်ကို ပိုင်ဆိုင်နိုင်ခဲ့ပေသည်။
၎င်းက မည်သည့်အရာဖြစ်သည်ကို ရှောင်လုံ မသိသော်လည်း အံ့အားသင့်ဖွယ် စွမ်းအားပြည့်ဝသည့် မီးတောက် ဖြစ်ကြောင်း သူ ခန့်မှန်းမိပေသည်။
ဆေးပညာရှင်တစ်ယောက်အတွက် သူတို့၏ ကိုယ်ပိုင်စွမ်းရည်အပြင် ကိုယ်ပိုင်မီးတောက်သည်လည်း အလွန်တရာ အရေးပါလှပေသည်။ ရှောင်လုံသည်လည်း သူ့၏ အစစ်အမှန် အင်မော်တယ် အဆီအနှစ်မီးတောက် ကြောင့်သာမဟုတ်လျှင် သူ့၏ ဆေးဖော်စပ်နိုင်စွမ်းက မည်မျှအထိ မြင့်မားနေပါစေ အင်မော်တယ်အဆင့် ဆေးလုံးများ သန့်စင်ရန် မဖြစ်နိုင်ပေ။
ဤသည်ကို ကြားလိုက်ချိန်၌ လမင်းဆင်းသက်ခြင်းအဘိုးအိုသည်ပင် အံ့အားသင့်သွားရသည်။ သူက ရွှေရောင်နဂါးတောင်ထွတ်၌ ဆယ်စုနှစ် ကျော် နေထိုင်ခဲ့ပြီး ရှောင်လုံ၏ ဆေးဖော်စပ်ခြင်း တွင် ညွှန်ကြားပေးခဲ့သည်မို့ သူက ဤတပည့်နှင့် ပတ်သတ်နေသည့် အချို့ကိစ္စများကို သိပေသည်။ ရှောင်လုံနှင့် မိုးပြာရောင်နဂါးတက္ကသိုလ်ကျောင်းအုပ်ကြီး၏ တပည့် ရှန်းမင်ကျီသည်  ရန်သူများဖြစ်ကြောင်း သူသိထားသည်။
"ရှန်းမင်ကျီ...ဒီကောင်...မိုးပြာရောင်နဂါးနတ်မီးတောက်ကို တကယ် ထိန်းချုပ်နိုင်သွားတာပဲ!"
လမင်းဆင်းသက်ခြင်းအဘိုးအို၏ မျက်နှာက သုန်မှုန်သွားသည်။
အဘိုးအို၏ လေးနက်သည့်အမူအရာကို ကြည့်ရင်း ရှောင်လုံ သူ့မျက်ခုံးကို ပင့်တင်လိုက်မိသည်။
ရှောင်လုံကို ကြည့်ရင်း လမင်းဆင်းသက်ခြင်းအဘိုးအိုက ခဏမျှ တွေးတောလိုက်ပြီး ပြောလိုက်သည်။
"ငါတို့ ကြယ်စင်စုလေးစု ထဲမှာ ထိပ်တန်းအဆင့် နတ်မီးတောက် လေးမျိုးရှိတယ်ကွ...ဒဏ္ဍာရီအရဆိုရင် အဲ့ဒီနတ်မီးတောက် လေးမျိုးက သဘာဝကနေမွေးဖွားလာတဲ့ တကယ့်ကို စွမ်းအားကြီးတဲ့ မီးတောက်တွေပဲ...ဒါပေမယ့် သူတို့ပျောက်သွားတာ နှစ်တစ်သန်းတောင် ကျော်ပြီ...ရှန်းမင်ကျီ ဆိုတဲ့ ကောင်စုတ်လေး လက်ထဲ ရောက်သွားလိမ့်မယ်လို့ ငါမထင်ထားမိဘူး"
ရှောင်လုံက လမင်းဆင်းသက်ခြင်းအဘိုးအိုကို ဝေခွဲမရဟန် ကြည့်လိုက်လေသည်။.

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now