81 - 85

296 26 0
                                    

အပိုင်း ၈၁ ......အဖေဒဏ်ရာရသွားတယ်ဟုတ်လား

  ဟောင်ကိုက်တို့ အရှေ့ဘက်ခြံဝန်းဆီကို အလောတကြီးလာတုံးက
ချန်ယင်က ဟောင်ပန်ဒဏ်ရာရသွားတဲ့အကြောင်းကိုမပြောခဲ့ပေ...။
ဒါကြောင့်မို့ ဟောင်ကိုက်က ဟောင်ပန်ဒဏ်ရာနဲ့လဲနေတာလဲမြင်ရော
ဟောင်မင် လုပ်တယ်လို့ပဲ ထင်မှတ်လိုက်၏ ။

ဟောင်မင်ကညဘာမှပြန်မပြောရသေးခင်မှာပဲ ဟောင်ဂျန်က စကားဖြတ်ပြောလိုက်သည်
"... အဖိုး.... ဒါကကျွန်တော်ရဲ့ဆရာ ဓားကြီးဂိုဏ်းရဲ့ခေါင်ဆောင်ပါ...."
ဟုပြောရင်း သူလက်က လူဝေကိုညွှန်ပြလိုက်၏ ။

ဒေါသတကြီးဖြစ်နေတဲ့ ဟောင်ကိုက်လဲ ဟောင်ဂျန်ရဲ့စကားကိုကြားလိုက်တော့ အံသြမင်သက်သွားသလိုမျိုး ထူးဆန်းစွာဝတ်ဆင်ထားတဲ့
သတ်လတ်ပိုင်းလူကြီးကို ငေးကြည့်လိုက်၏ ။

ဓားကြီးဂိုဏ်းရဲ့ ခေါင်ဆောင်..... ?

".... အဖိုး.... အခုပဲ ဒုတိယဦးလေးက ကျွန်တော်ဓားကြီးဂိုဏ်းကို မလေးမစားလုပ်ပြီး ဆရာကိုအာခံလို့ ဒါကြောင့်မို့ ဆရာက..... "
ဟောင်ဂျန်က ဆက်မပြောပဲရပ်တန့်လိုက်သည်။ ဒါပေမယ့် သူဆိုလိုချင်တဲ့ အဓိပ္ပါယ်ကထင်ရှားနေပြီမဟူတ်လား... ။

လူဝေက အေးစက်စက်မျက်လုံးတွေနဲ့ ဟောင်ကိုက်တကိုယ်လုံး စုန်ချည်ဆန်ချည် အကဲခတ်လိုက်၏ ။ ပြီးမှ သူကဟောင်ကိုက်ကိုပြောလိုက်သည်
"... ခင်ဗျားက ဟောင်ကိုက်လား....? ဒီလူကိုဒဏ်ရာရအောင် ငါလုပ်လိုက်တာ.... အဲ့တော့ဘာဖြစ်လဲ ခင်ဗျား ကကျုပ်ကိုအပြစ်တင်ချင်လို့လား.... ?"

ဟောင်ကိုက်လဲ လူဝေစကားကိုကြားတော့ ကြောင်တောင်တောင်နဲ့ရှိုးတို့ရှုန်တန့်ဖြစ်သွား၏ ။ အဲ့နောက်မှာတော့ သူ့မျက်နှာကိုအစွမ်းကုန် ပြုံးလိုက်ကာ
"... အော် ဒါက ဓားကြီးဂိုဏ်းရဲ့ခေါင်းဆောင် စီနီယာ လူဝေကို.....
စီနီယာလူဝေပြောသလို ဟောင်ပန်က စီနီယာကို အပြစ်ပြုမိရင်တော့
ဒါသူ့ရဲ့အပြစ်ပဲ.... သူမိုက်မဲမှုကိုပဲ အပြစ်တင်ရမှာပဲ.....  အမှန်ဆို စီနီယာလူဝေရဲ့ ပညာပေးတာခံလိုက်ရတာကိုက သူအတွက်ဂုဏ်ယူစရာပါ..... "

ဟောင်ကိုက်က သူ့အရှေ့ခြံဝန်းဆီက ပထမက ဒေါသတကြီးရောက်လာတဲ့ ပုံစံနဲ့လုံးဝမတူတော့ပဲ သူအမူအရာက လူနောက်တယောက်ပြောင်းလိုက်သလိုကို ဖြစ်သွားသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now