481 - 485

191 10 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၄၈၁ .....

   ကယ်လီက သူ့မျက်ဝန်းထဲမှ စိတ်ပျက်မှုတွေကို အလျင်အမြန် ဖုံးကွယ်လိုက်ပြီ ရဲဝင့်စွာဖြင့် ပြုံးပြလိုက်ပြီး

"....  အော် သခင်လေးမှာ အရေးကြီး ကိစ္စရှိသေးတာကိုး.... ဒါဆိုလည်း ကျွန်မ သခင်လေးကို တောအုပ်အပြင် လိုက်ပို့ပါ့မယ် .... သခင်လေးကို ကျွန်မတို့ နတ်သူငယ်မျိုးနွယ်စုတစ်ခုလုံးက အမြဲတမ်း နွေးထွေးစွာ ကြိုဆိုနေမှာကိုတော့ သတိရပေးပါ..."

တခြားလူငါးယောက်က အရင်ဆုံး ထွက်ခွာသွားလေသည်။ ကယ်လီက ရှောင်လုံကိုတောအုပ် အစပ်နားအထိ လိုက်ပို့လိုက်သည်။ လမ်းခရီးတစ်လျှောက် နှစ်ယောက်စလုံးက တိတ်ဆိတ်နေကြသည်။ တောအုပ်အစပ်နားသို့ ရောက်တော့ ကယ်လီက ပြောလိုက်သည်။

"... သခင်လေး ... သခင်လေးက တကယ်ပဲ နဂါးကိုးကောင် ကျောင်းတော်ကို သွားမလို့လား ...?"

ရှောင်လုံက ခေါင်းညိတ်ပြလိုက်သည်

"... နဂါးကိုးကောင်းကျောင်းတော်ရဲ့ မဟာခန်းမဆောင်ဆရာ အောင်းခွမ်က အရမ်းအစွမ်းထက်တဲ့သူတစ်ယောက်ပါ ... သူ့ကို အရပ်ဆယ်မျက်နှာတိုင်းပြည်ထဲမှာတော့ အစွမ်းအထက်ဆုံးလူလို့ အားလုံးက အသိအမှတ်ပြုထားကြတယ် ...  သူက ရှေးဟောင်းနဂါးမျိုးနွယ်စုရဲ့ နဂါးသတ်သိုင်းကို လေ့ကျင့်အောင်မြင်ထားတယ်လုိ့ ကြားဘူးတယ်...
သူနဲ့တွေ့ရင် သခင်လေး သတိကြီးကြီးထားဖို့ လိုတယ်နော် ...."

ကယ်လီက သတိပေးလိုက်သည်။

"... ကျုပ်လည်း သိပြီးသားပါ ...ကဲ ကျုပ်သွားတော့မယ်"

ထိုနောက် ရှောင်လုံက အမှောင်ထု ခြုံလွှာထဲသို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။ ကယ်လီက ရှောင်လုံ ပျောက်ကွယ်သွားသောနေရာသို့ အတန်ကြာအောင် ကြည့်နေပြီးမှ နတ်သူငယ်တောအုပ်အတွင်းသို့ လှည့်ဝင်သွားသည်။

နတ်သူငယ်တောအုပ်ကနေ ထွက်လာပြီးနောက် ရှောင်လုံက အထွတ်အမြတ် ကျားမြို့တော်ဆီသို့ ပြန်သွားလိုက်သည် ။ မြို့တော်ဝန်စံအိမ်ကိုရောက်တော့ အသက်သလင်းကျောက်တစ်လုံးဆီက စွမ်းအားကို စုပ်ယုလိုက်သည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now