226 - 230

233 22 0
                                    

အပိုင်း ၂၂၆ ... ဗုဒ္ဓလှိုဏ်ဂူကြီးအတွင်းသို့ဝင်ခြင်း

     "... အရှင်မင်းကြီးကိုဂါရဝပြုပါတယ်... "
  ရှောင်လုံကလဲ ပုလ္လင်ထက်မှာရှိနေသော ရှိဖန်းထျန်ကို ရိုသေစွာဖြင့် ဂါရဝပြုလိုက်သည်။ ရှောင်လုံ ဂါရဝပြုသံကြားတော့မှ ပုလ္လင်ထက်မှာရှိနေသောသူကမျက်လုံးပွင့်လာ၏ ။ ရှိဖန်းထျန်မျက်နှာက မုတ်ဆိတ်အမွေးအမှင်တွေကင်းရှင်းနေပြီး သာမန်လူတယောက်မျက်နှာမျိုးကို ပိုင်ဆိုင်သည်။ သာမန်မျက်နှာမျိုးပေမယ့် သူ့ကိုတခေါက်တွေ့ထားလိုက်ရုံနဲ့ တသက်လုံးမမေ့နိုင်အောင်တော့ ထူးခြား၏ ။

ရှိဖန်းထျန်နှင့် ဒေါင်ရမ်တို့နှစ်ယောက်က အတော်လေးကိုကွဲပြားကြသည်။ ရှိဖန်းထျန်က သာမန်ရိုးရိုးမျက်နှာထားဖြင့် ထူးခြားသောဆွဲဆောင်မှုတခုရှိနေသည်။ ဒေါင်ရမ်းအင်ပါရာဘုရင်မင်းမြတ်ကိုကြည့်လိုက်ရင်တော့ ဓားအိမ်ထဲကနေ အချိန်မရွေးထွက်လာနိုင်သည့် ဓားတချောင်းလိုမျိုး စူးရှထက်မြနေသည်။

ရှိဖန်ထျန်က ရှောင်လုံကိုကြည့်ရင်း ဖော်ဖော်ရွေရွေ ပြုံးပြလိုက်ပြီး
"....မင်းရဲ့ အရည်အသွေးက ဖန်ချန်ထက်တောင်သာတယ်လို့ နိယာမအိုကြီးကပြောပေမယ့် ငါမယုံခဲ့ဘူး....  အခုမင်းနဲ့တွေ့တော့မှ သူပြောတာကို ငါယုံသွားတော့တယ်...  ဗုဒ္ဓယဇ်ပုလ္လင်က ငါ့ဆရာချန်ရစ်ထားခဲ့တဲ့ အမွေအနှစ်တခုပါ...
မင်းကိုဗုဒ္ဓယဇ်ပုလ္လင်ကနေ ရွေးချယ်လိုက်ပြီဆိုကတည်းက မင်းကိုငါရဲ့ ဆရာတူညီလေးလို့ သတ်မှတ်လို့ရပြီ....  အခုငါနင်းနဲ့ ပထမဦးဆုံးအကြိမ်တွေ့ဆုံမှုမှာ ငါဘက်ကနေမင်းကိုလက်ဆောင်ပေးဖို့ ပြင်ဆင်ထားတာမရှိသေးဘူး....  ဒါကြောင့် အခုလောလောဆယ်တော့ ပထမဆုံးတွေ့ဆုံတဲ့ အထိမ်းအမှတ်အနေနဲ့ မင်းကို ကောင်းကင်အဆင့် ဝိညာဉ်ကျောက်တုံးတတုံး လက်ဆောင်ပေးမယ်.... "

ရှိဖန်ထျန်၏ စကားအဆုံးမှာ သူ့လက်ဝါးအရွယ်လောက်ရှိပြီး တလက်လက်တောက်ပနေသည့် စွဲမက်ဖွယ်ကျောက်တုံးအကြည်ရောင်လေးတတုံးက ရှိဖန်းထျန်လက်ဝါးထဲမှာ ပေါ်လာသည်။ အဲ့ဒီကျောက်တုံးလေးပေါ်လာပြီးတဲ့နောက် ပတ်ဝန်ကျင်မှာရှိနေသည့် ထူထပ်များပြားသောဝိညာဉ်စွမ်းအင်တွေက ကျောက်တုံးလေးအနားမှာ သွားရောက်စုစည်းနေတာကို ရှောင်လုံမျက်လုံးဖြင့် အံအားသင့်ဖွယ်မြင်တွေ့လိုက်ရသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now