436 - 440

178 11 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၄၃၆ ....

  ရှဲဟွေ၏ မင်္ဂလာဆောင်သို့ ရောက်ရှိနေသည့် စကြာဝဠာနတ်ဘုရားဂိုဏ်းမှ အကြီးအကဲ အယောက်တွေက အယောက်တစ်ရာနီးပါးရှိသည်။
သို့သော် အဆိပ်နောက်ချေးပိုးများ၏ တိုက်ခြင်းငိုခံနေရသူတွေက ရှဲဟွေနှင့် ချန်ရှောင်ဖန်းအပါအဝင်  အယောက်နှစ်ဆယ်ကျော်လောက်သာရှိသည်။

ထိုကြောင့် ရှဲဟွေ၏ အမိန့်သံထွက်ပေါ်လာသည်နှင့်  စကြာဝဠာသိုင်းပညာရှင်အယောက် ရှစ်ဆယ်ကျော်က ရှောင်လုံတို့နှစ်ယောက်ကို တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြသည်။

ကောင်းကင်ထက်ကနေ ပျံလာသည့် စကြာဝဠာနတ်ဘုရား အကြီးအကဲတွေကိုကြည့်ရင်း
ရှောင်လုံမျက်လုံးတွေက အေးစက်သွား၏ ။ ထိုနောက် ရှောင်လုံနောက်ကျောဘက်ကနေ ရာနှင့်ချီနေသေည လက်ပွားတွေအများကြီး ထွက်လာသည်။ ထိုကဲ့သို့ ထွက်ပေါ်လာသည့် လက်တွေက တိုက်ခိုက်လာသူအပေါင်းကို တစ်ပြိူင်နက်ထဲ တိုက်ခိုက်လိုက်သည်။

ထိုနောက် လေထဲတွင် မီးရှုးမီးပန်းလိုမျိုး အဆက်မပြတ်ပေါက်ကွဲသံများနှင့်အတူ ဗုဒ္ဓရုပ်ထုများ ၊ လက်သီးရာများနှင့် လက်ညိုးရာများ အဆက်မပြတ် ပေါ်လာသည်။
မဟာလေဟာနယ်လက်သီးသိုင်း ၊ ကမ္ဘာဗုဒ္ဓလက်ဝါးသိုင်း ၊ နှောင်ဖွဲ့ခြင်းနတ်ဘုရားလက်ဝါးသိုင်း နတ်ဆိုးလက်သည်းသိုင်း စသဖြင့် လေထဲတွင် ရှောင်လုံအားထားရသည့် သိုင်းကွက်များစွာ ထွက်ပေါ် လာသည်။

ထိုနောက် အဆက်မပြတ်ပေါက်ကွဲသံများက လေထဲမှ အဆက်မပြတ်ထွက်ပေါ်လာသည်။ လူတွေအကုန်လုံးက အသက်ပြင်းပြင်းတစ်ချက်ရှုသွင်းကာ ရှောင်လုံအား မယုံနိုင်သလိုမျိုး ငေးကြည့်လိုက်ကြသည်။

အယောက်တစ်ရာနီးပါးရှိသော စကြာဝဠာသိုင်းပညာရှင်များက ရှောင်လုံလက်ချက်ဖြင့် အနောက်သို့ လွင့်ထွက်သွားကြသည် ။

ဒါက ဘယ်လို သိုင်းပညာမျိုးလဲ....!
ရှောင်လုံကိုတိုက်ခိုက်ကြသည့် အကြီးအကဲများကြားထဲတွင်  အဆင့်မြင့် စကြာဝဠာ သိုင်းပညာရှင်များ မပါဝင်သော်လည်း အလယ်အဆင့်နှင့် အခြေခံအဆင့် စကြာဝဠာသိုင်းပညာရှင်များစွာ ပါဝင်သည်။
ဤဖြစ်ရပ်ကြီးက အလွန်ကိုကြောက်မက်ဖွယ်ရာကောင်းလေသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now