91 - 95

393 32 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း ၉၁ ......မြေကြီးအဆင့်၇ကိုရောက်ရှိချင်း

    ရှောင်လုံလဲ ရှောင်းမေကွီသင်တဲ့ အတန်းကိုတချိန်လောက်ပဲတက်ပြီးတာနဲ့ ကျောင်းစာကြည့်တိုက်ကိုသွားလိုက်၏ ။ သူ့ရဲ့နတ်တံခါးဂိုဏ်း တည်နေရာဋ္ဌာနချုပ်က တိမ်ကြယ်တာရာတိုင်းမှာ တည်ရှိတယ်ဆိုတာကို သိပြီးကတည်းက သူတိမ်ကြယ်တာရာ တိုင်းကြီးရဲ့ အကြောင်းကို ပိုပြီးပြည့်ပြည့်စုံစုံသိချင်နေလေသည် ။

ရှောင်လုံလဲ စာကြည့်တိုက်မှာ တိမ်ကြယ်တာရာအကြောင်းရေးသားထားတဲ့ စာအုပ်တွေကို လေ့လာနေရင်းဖြင့် တရက်တာကျောင်းတက်ချိန်ကို ကုန်ဆုံးလိုက်သည်။ ရှောင်လုံ ကျောင်းစာကြည့်တိုက်ကနေထွက်လာတဲ့အချိန်မှာတော့ နေခင်းအချိန်ကိုရောက်ရှိသွားလေသည်။ အခုချိန်က နှစ်သစ်ကူးရက်တွေပြီးလို့ တလကျော်ကျော်လောက်ပဲရှိသေးပေမယ့် နေရောင်ခြည်ရဲ့ အပူချိန်ကအရမ်းကိုပြင်းထန်နေကာ စာကြည့်တိုက်ထဲကနေ ထွက်လာတဲ့ ရှောင်လုံတကိုယ်လုံး နေရောင်ကြည်စွမ်းအင်တွေနဲ့ ထိတွေ့ကာ နွေးထွေးသွားသလိုခံစားလိုက်ရသည်။

သူထျန်ယွမ်အိမ်တော်ကိုပြန်ရောက်လာတော့ သူ့ညီနဲ့ ညီမက နန်းတွင်းမြို့တော်ထဲမှာ ကစားဖို့ အပြင်ကိုလစ်ထွက်သွားကျပြီ ဖြစ်ပြီး အိမ်တော်တခုလုံးမှာ သူတို့အရိပ်အယောင်ကိုမတွေ့ရချေ..... ။
ခရမ်းရောင်မျောက်လေးကလဲပျောက်ချက်ကောင်းနေ၏ ..။ ကြည့်ရတာဒိကောင်လေးလဲ မိစ္ဆာသားရဲကြီးတွေရဲ့ အမြူတေကို မြိုချပြီး သိုင်းလေ့ကျင့်ဖို့အတွက်  ငွေလသစ်တောထဲကိုသွားပြီး အမဲလိုက်နေတယ်ထင်တယ်..... ။

အဲ့ကောင်လေးသုံးကောင်က ထျန်ယွမ်အိမ်တော်မှာ ပျောက်ချက်သားနေပေမယ့် သူ့မိဘတွေကတော့ ထျန်ယွမ်အိမ်တော်မှာရှိနေလေသည်။ ရှောင်လုံက သူ့အဖေနဲ့ အမေကို သူ့ရဲ့ ကိုယ်တွင်းအားသိုင်းကျင့်စဉ်ကို သင်ကြားပေးထား၏ ။  ကိုယ်တွင်းအားသိုင်းကျင့်စဉ်က
သူတို့အတွက် အရမ်းကိုအကျိုးကျေးဇူးရှိစေမှာမို့ ကြိုးကြိုးစားစား လေ့ကျင့်ဖို့လဲ အကြံပေးထားသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now