821 - 825

162 9 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၂၁.... နတ်ဆိုးဂူထဲသို့ ဝင်ရောက်ခြင်း

နတ်ဆိုးပိုင်နက် ကုန်းမေကြီး၏ အင်အားစုကြီး၄ခုသည် နောက်တစ်နှစ်အကြာ၌ နတ်ဆိုးဂူကို ဖွင့် လှစ်မည့်အကြောင်း သိလိုက်ရချိန်တွင် ရှောင်လုံသည် အနောက်ဘက်ကျီးကန်းမြို့တော်၌သာ ဆက်လက်နေထိုင်လိုက်သည်။ သူက သူ့၏ ကျင့်စဥ် အပေါ်တွင်သာ အာရုံစိုက်လိုက်ပြီး နတ်ဆိုးဂူ ဖွင့် လှစ်မည့်နေ့ ကို စောင့်မျှော်နေခဲ့ ပေသည်။

တစ်နှစ်တာ ကာလသည် မကြာလွန်း မမြန်လွန်းသော်ငြား အလျှင်အမြန် ကုန်ဆုံးသွားပေသည်။

ထိုတစ်နှစ်တာ ကာလ အတွင်း ရှောင်လုံသည် အနက်ရောင်လိပ်နှင့် ဟင်္သာ ပြဒါးငှက်ကြယ်အင်အားများကို ဆက်လက်စုပ်ယူကာ သူ့၏ ခန္ဓာကိုယ်ကို အားဖြည့်ပေးပြီး အစစ်အမှန်နဂါးကိုယ်၏ ခုခံကာကွယ်မှု နှင့် တိုက်ခိုက်မှုအင်အားကို ကြီးကြီးမားမား တိုးတက်လာစေခဲ့သည်။

သူ့၏ အစစ်အမှန် အင်မော်တယ်အဆီအနှစ် အင်အားနှင့် နတ်ဘုရားစစ်ပွဲ ချီတို့သည် အဆုံး အစမဲ့ မကုန်ခမ်းနိုင်လောက်အောင် ဖြာထွက်နေပေသည်။

တစ်နှစ်တာ ကာလအတွင်း ရှောင်လုံသည် နွေဦးဆောင်းဦး အသက်ရာချီ နတ်ဆေးလုံး အချို့နှင့်နီလာခရမ်း မိုးရေစက် နတ်ဆေးလုံးများကို သန့်စင်ဖော်စပ်ရန် အချိန်လုံလောက်စွာ ရရှိပေသည်။

နတ်ဆိုးဂူ ဖွင့် လှစ်မည့်နေ့ မတိုင်ခင် သုံးရက် အလိုတွင် ရှောင်လုံသည် အနောက်ဘက် ကျီးကန်းမြို့တော်ထဲမှ ထွက် ခွာလိုက်လေသည်။သူသည် နတ်ဆိုး ဂူထဲသို့  အင်အားစုကြီးလေးခုနောက်မှ လိုက်ပါခွင့်ရမည့် အင်အားစုများ၏ ခေါင်းဆောင်များကို စုံစမ်းရှာဖွေရန် လိုအပ်ပေသည်။သူက ထိုသူတို့၏ နာမည်များကို သိရှိပြီးသည်နှင့် ပစ်မှတ်ကို ရွေးချယ် သတ်ဖြတ်ပြီး ထိုသူ့နေရာ၌ အစားဝင်ကာ နတ်ဆိုးဂူထဲသို့ ဝင်ရောက်မည်ဖြစ်သည်။

စုံစမ်း စစ်ဆေးပြီးနောက်တွင် ရှောင်လုံသည် နတ်ဆိုးတစ်ရာ ဂိုဏ်းချုပ် ပိုင်ကျီရှန်း ကို ရွေးချယ်ရန် ဆုံးဖြတ်လိုက်ပေသည်။ထိုသို့ ရွေးချယ်လိုက်သည့် အကြောင်းရင်းမှာ ပိုင်ကျီရှန်းသည် သူ့ကဲ့သို့ပင် နတ်ဘုရားအဆင့် ၁၀နောက်ပိုင်း အထွတ် အထိပ် အဆင့် ဖြစ်ပြီး သူ စိတ်ဝိညာဉ် ရှာဖွေခဲ့သော နတ်ဆိုးတစ်ရာ ဂိုဏ်း၏ တပည့်နှစ်ယောက်ဆီမှ နတ်ဆိုးတစ်ရာ ဂိုဏ်း အကြောင်းကို နားလည် ထားပြီး ဖြစ်သောကြောင့် ဖြစ်သည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now