926 - 930

140 6 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၉၂၆.....စန်းရီ ၏ တုန်လှုပ်မှု

" ငါတို့နောက်ထပ် ဘာလုပ်ကြမှာလဲတဲ့လား"

စန်းရီ က မကောင်းဆိုးဝါး ဆန်ဆန် ရယ်မောလိုက်လေသည်။

" မဟာနတ်ဘုရားအဆင့်သိုင်းပြိုင်ပွဲရဲ့ ပထမဆုရှင်က အစည်းအရုံး ရဲ့ ဆေးပညာရှင် အကဲဖြတ်စစ်ဆေးမှုကို ရှုံးနိမ့်သွားတယ်...ဒီလိုမျိူး သတင်းကောင်းကို ငါတို့က... နေရာအနှံ့ကို အမြန်ဆုံး နှုန်းနဲ့ သေချာပေါက်ဖြန့်ပေးရမှာပေါ့...သတင်းကောင်းဆိုတာ မျှဝေပေးရတယ်လေ"

လျှိုဟောက်က စပ်ဖြီးဖြီး ရယ်မောလိုက်ပြီး သူ့ဆရာကို မြောက်ပင့်လိုက်လေသည်။

" ဆရာက ညဏ်ကောင်းလိုက်တာ "

ထိုအချိန်၌ ရှောင်လုံ၏ အကဲဖြတ် မှုကို တာဝန်ယူထားသော လီကျင်း သည် ခြံဝန်းထဲသို့ အပြေးအလွှား ရောက်ရှိလာပြီး စိုးရိမ်ပူပန်ကာ ပြာယာခတ်နေလေသည်။ သူ့၏ နဖူးထက်၌ ချွေးအေးများ စိုရွှဲနေလေပြီး သူ့၏ မျက်နှာပေါ်သို့ စီးကျနေလေသည်။ ရာသီဥတုပူလောင်မှုကြောင့် သို့မဟုတ် သူ့စိတ်ထဲရှိ ပူလောင်မှုကြောင့် ဆိုသည်ကို သူကိုယ်တိုင်သာလျှင်သိရှိပေလိမ့်မည်။

လီကျင်း၏ ပြာယာခက်နေသော အမူအယာ ကိုကြည့်ရင်း စန်းရီ နှင့် လျှိုဟောက် တို့ နှစ်ယောက်လုံးသည် မျက်မှောင်ကြုံလိုက်မိသည်။ လီကျင်း က စန်းရီနှင့်လျှိုဟောက်တို့ ၏ ရှေ့သို့ ရောက်သည်နှင့် အလျှင်အမြန် ဂါရဝပြုနှုတ်ဆက်လိုက်လေသည်။ သို့သော် သူ့၏အသံနှုန်းက တုန်ယင်နေပေသည်။

လျှိုဟောက်က ချက်ချင်း မေးမြန်းလိုက်လေသည်။

" ဟောင်ရှောင်လုံ က ကျရှုံးသွားပြီလား "

လီကျင်း ၏ အပြုအမှုများက ထူးဆန်းနေသော်လည်း လျှိုဟောက် သည် ထိုကိစ္စကို များစွာ တွေးတောခြင်းမရှိပေ။

လီကျင်း က တုန်လှုပ်နေလေပြီး စကားတစ်ခွန်း ပြည့်အောင် မပြောနိုင်ဖြစ်နေလေသည်။

စန်းရီ က စိတ်ရှည်မှု ကုန်ဆုံးသွားလေပြီး အော်ဟစ်လိုက်လေသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now