346 - 350

263 27 1
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၃၄၆ ......

   ရှောင်လုံက တည်တည်ငြိမ်ငြိမ်ဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ပြန်ဖြေလိုက်သည်

".... အချိန်တန်လာရင် မင်းသိမှာပါ ...."

အမှန်ဆို အခုအချိန်လောက်ဆိုရင် ရှောင်လုံ  အောင်းပိုင်ရွှယ်အား သတ်လိုက်သည့်သတင်းက ဒေါင်ရမ်းအင်ပါရာနိုင်ငံကို ရောက်ရှိနေရမှာပဲ ဖြစ်သည်။ သို့သော် ထိုသတင်းကို ရှဲပူတိမသိသေးလို့သာ ရှောင်လုံ၏ အတွင်းအားအဆင့်ကို အခုလိုမျိုး လာရောက်စုံစမ်စနေတာမဟုတ်ပါလား ...။ ထိုကြောင့် နတ်ဘုရားကျောင်းတော်က အောင်းပိုင်းရွှယ်သတင်းအား တခြားသူတွေမသိအောင် အမှောင်ချထားသည်မှာ ပေါ်လွင်ထင်ရှားနေသည်။

ရှောင်လုံဝန်ခံလိုက်တာကိုမြင်တော့ ရှဲပူတိက အရမ်းကိုအံသြသွားသည့် အမူအရာလုပ်ပြလိုက်ပြီး

"... ဝိုး .... မင်းတကယ်ကို ကောင်းကင်အဆင့် ၇ သိုင်းသမားဖြစ်နေပြီပဲ .... ကြည့်ရတာ မင်း လက်တစ်ဖက်နှင့် ခြေထောက်တစ်ဖက်မသုံးပဲ အကျောပေးမယ်ဆိုရင်တောင် ငါ့ကို ကြိုက်သလို  ဆုံးမနိုင်ပြီပဲ ....ဘုရားရေ ...မင်းအခုမှ အသက်ဘယ်လောက်ရှိသေးလို့လဲကွာ ....?"

ထိုနောက် သူတို့နှစ်ယောက်က စကားတပြောပြောဖြင့် ဝိုင်တွေကို ဆက်ပြီး သောက်လိုက်ကြသည်။ ရှောင်လုံက ဘတ်လန်းဒေသမှ သူ့၏ အတွေ့အကြုံ တွေကို ပြောပြသလို ရှဲပူတိကလဲ ဒေါင်ရမ်းအင်ပါရာနိုင်ငံအတွင်း ပြောင်းလဲသွား မှုများအကြောင်းကို ပြောပြလိုက်သည်။ ထိုနောက် သူတုိ့နှစ်ယောက်က သိုင်းကျင့်စဉ်များနှင့် သိုင်းကျမ်းများအကြောင်းကို အားတက်တရော ဆွေးနွေးကြသည်။

ရှဲပူတိနှင့်စကားပြောနေရင်း နတ်ဘုရားကျောင်းတော်၏ အင်အားစုတွေက ဒေါင်ရမ်းအင်ပါရာနိုင်ငံနှင့် လက်အောက်ခံနိုင်ငံများတွင် တဖြည်းဖြည်း အင်အားကြီးထွားလာနေတယ်ဆိုတာကို ရှောင်လုံသိလိုက်ရသည်။ သူတို့က ဒေါင်ရမ်းအင်ပါရာနိုင်ငံ၏ လက်အောက်ခံ နိုင်ငံခေါင်းတစ်ရာကျော်လောက်ကို သိမ်းယူထားပြီးဖြစ်သည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now