541 - 545

181 13 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၅၄၁ ...... နတ်ဘုရားအဆင့် ရှေးဟောင်း အသုံးအဆောင်

လမ်းပိတ်ခံလိုက်ရသော်လည်း ရှောင်လုံက စိတ်မဆိုးပေ။ အသာအယာပြုံး၍ ခိုချန်ပေးထားသော သက်သေခံလက်မှတ်အား ထုတ်ပြလိုက်ပြီး

"... အခုဆိုရင်ရော ဝင်လို့ရပြီလား ...?"

လေလံတင်အိမ်၏ စည်းမျဉ်းစည်းကမ်းများအရ
လေလံပစ္စည်းပိုင်ရှင်များအား အထူးဧည့်သည်ဝင်ပေါက်မှ ဝင်ခွင့်ပြုထားသည်။ မိန်းမချောလေးက ရှောင်လုံပြသော သက်သေခံလက်မှတ်ကိုကြည့်ရင်း
ခဏမျှ အံ့သြမှင်တက်သွားသည်။ ထိုနောက် လေးလေးစားစားဖြင့် လမ်းဖယ်ပေးလိုက်သည်။

ရှောင်လုံက အထူးဧည့်သည်ဝင်ပေါက်မှ ဝင်သွားလိုက်သည်။ တခြားတစ်ဖက် မိန်းမချောလေးတစ်ယောက်က ရှောင်လုံကို စောင့်ကြို၍ သီးသန်းခန့်တစ်ခုအတွင်းသို့ ခေါ်ဆောင်သွားသည်။

သီးသန့်ခန်းအတွင်းပြင်ဆင်ထားသော အထက်တန်းကျသည့် အသုံးအဆောင်များကိုကြည့်ရင်း ရှောင်လုံက သက်ပြင်းချလိုက်သည်။ သီးသန့်ခန်းအတွင်းမှ ရိုးရှင်သော ကုလားထိုင်လေးတစ်ခုကိုပင် ကောင်းကင်အဆင့် ဝိညာဉ်ကျောက်တုံးဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။

ရှောင်လုံတို့ သိုင်းဝိညာဉ်ကမ္ဘာတွင် ကောင်းကင်အဆင့် ဝိညာဉ်ကျောက်တုံးများက အလွန်ပင် ရှားပါးလှသည်။ သို့သော် အနက်ရောင် သူရဲကောင်း လေလံတင်အိမ်၌  ကောင်းကင်အဆင့် ဝိညာဉ်ကျောက်တုံးများက ထိုင်လုံးတစ်လုံး အဆင့်သာ ရှိသည်။

အခန်းအတွင်းမှ တခြားအသုံးအဆောင်များကိုလည်း ရှားပါးသော ကျောက်မျက် ရတနာများဖြင့် အလှဆင်ထားသည်။ ရှောင်လုံက ထိုင်ခုံတွင် သက်တောင့်သက်သာဖြင့် ထိုင်ပြီနောက် မှန်တံခါး အပြင်ဘက်သို့ လှမ်းမျှော်ကြည့်လိုက်သည်။ သီးသန့်ခန်း အတွင်းမှ လေလံတင်ပွဲတစ်ခုလုံးကို ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။ လေလံတင်အိမ်ကြီးက လူပေါင်း တစ်သောင်းခန့် သက်တောင့်သက်သာ နေနိုင်လောက်အောင် ကျယ်ဝန်းသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Donde viven las historias. Descúbrelo ahora