891 - 895

164 9 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၉၁ ..... ပထမနေရာကို တကယ် ရခဲ့တာ

"အဘိုး...အဲ့ဒီလောက်ကြီး အပြောင်းအလဲ မြန်ပြဖို့ လိုလို့လား"

ရှောင်လုံက လမင်းဆင်းသက်ခြင်းအဘိုးအို၏ အလွန်အကြူးပြုမူနေသော အမူအရာကို ကြည့်ရင်း ပြုံးလိုက်မိသည်။

အဘိုးအိုသည် သူ့၏ လက်ရှိ ကျင့်ကြံဆင့်ကို တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်စွမ်း ရှိကြောင်း သူ သိပေသည်။ နဂါးအင်ပါယာ အောင်းတိုင်ရီ နှင့် ကျန်သည့်သူများက မမြင်နိုင်သော်လည်း လမင်းဆင်းသက်ခြင်းအဘိုးအို ကမူ မြင်တွေ့နိုင်စွမ်း ရှိသည်။

ထို့ပြင် ရှောင်လုံကလည်း သူ့ဆီမှ ဖုံးကွယ်ထားလိုစိတ်မရှိပေ။

လမင်းဆင်းသက်ခြင်းအဘိုးအို က ရှောင်လုံ၏ ဘေးသို့ ခြေလှမ်းကြဲကြီးများဖြင့် ရောက်ချလာပြီး သူ့မျက်လုံးများသည် အစိမ်းရောင်အလင်းအသွင် တောက်ပနေကာ ရှောင်လုံအား အထက်အောက် စစ်ဆေးလိုက်လေသည်။ သူ့၏ လောဘတကြီး ဟန်ပန်ဖြင့် အကြည့်က ရှောင်လုံ၏ တစ်ကိုယ်လုံး ကို အပ်သေးသေးလေးများဖြင့် ထိုးဆွနေသလို ခံစားရပေသည်။

ထို့နောက် လမင်းဆင်းသက်ခြင်းအဘိုးအို၏ ပါးစပ်မှ စကားတစ်ခွန်း ထွက်လာလေသည်။

"ကောင်စုတ်လေး...ငါတို့ သိုင်းကွက်နည်းနည်းပါးပါးလောက် ဖလှယ်ကြည့်ကြမလား"

ရှောင်လုံက ကြောင်အသွားပြီးနောက် စပ်ဖြဲဖြဲ ရာ်လိုက်သည်။

"ကျွန်တော်တို့ မတိုက်ခိုက်ရင်...ပိုကောင်းမယ် ထင်တယ်"

သူက သူ့ဆရာ၏ ကျင့်ကြံမှုကို အရင်က ဖြတ်မြင်နိုင်စွမ်း မရှိပေ။ ယခုမူ သူ့၏ လက်ရှိ နတ်ဘုရားအာရုံအရ အဘိုးအိုသည် မဟာနတ်ဘုရား အဆင့် ၄ အလယ်အလတ်အထွတ်အထိပ်အဆင့် ဖြစ်ကြောင်း ရှောင်လုံ မြင်နိုင်ပေသည်။

မဟာနတ်ဘုရားအဆင့် ၄ အလယ်အလတ် အထွတ်အထိပ်အဆင့်...။ သူ့၏ တိုက်ပွဲဝင်စွမ်းအားသည် မဟာနတ်ဘုရားအဆင့် ၄ နောက်ပိုင်း အထွတ်အထိပ်အဆင့် သိုင်းပညာရှင်တစ်ယောက် နှင့် နှိုင်းယှဥ်နိုင်စွမ်း ရှိသော်လည်း ထိုခွန်အားသည် လက်ရှိ ရှောင်လုံ၏ မျက်လုံးထဲတွင်မူ လုံလောက်မှု မရှိသေးပေ။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now