216 - 220

217 22 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၂၁၆ ..... စကြာဝဠာသိုင်းပညာရှင်လား...?

      ဂိုရှီဝမ်ဆီကနေ  ".. ဟွန့်..."ဆိုသည့် အေးစက်စက်အသံထွက်ပေါ်လာပြီး
".... မင်းတို့အသာနေစမ်းပါ ...စိတ်မပူစမ်းပါနဲ့ ...  ဒီတကြိမ် အဲ့ခွေးနှစ်ကောင်လုံး  ငါတို့လက်ကနေ မလွတ်တော့ပါဘူး... ငါတို့ဂိုအိမ်တော်ကို စော်ကားရင်ဘယ်လိုအကျိုးဆက်တွေ ကြုံတွေ့ရမလဲဆိုတာကို အဲ့ခွေးနှစ်ကောင်သိအောင်
ပြသပေးရတာပေါ့ကွာ ...."

    "... လာလာ... ငါတို့ ဘိုးဘေးကို သွားကြိုဆိုကြရအောင်..."
ဂိုရှီဝမ်ကအားပါတရပြုံးရင်းပြောလိုက်သည်။

ထိုနောက် ဂိုရှီဝမ်ဦးဆောင်လာသည့်လူစုက ဂိုမိသားစု၏ လျှို့ဝှက်မြေအောက်ခန်းဆီသို့ရောက်ရှိလာကြသည် ။ သူတို့ကတံခါးရှေ့ကိုရောက်လို့ရပ်လိုက်စဉ်မှာပဲ
"....ဘန်း...."
သူတို့ရှေ့မှာရှိနေသော ကြီးမားတောင့်တင်းလှသည့် တံခါး
ကြီးက အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသည်။ ကွဲကြေသွားသောတံခါးကဖြတ်သန်း၍ လူရိပ်တခုကပျံသန်းထွက်ပေါ်လာ၏ ။ ပျံသန်းလာသည့် လူရိပ်ကဂိုရှီဘမ်တို့အရှေ့ကိုရောက်တော့ မြေပေါ်သို့သက်ဆင်းလိုက်သည်။

ပျံသန်းလာသည့် လူရိပ်ကိုမြင်တာနဲ့ ဂိုရှီဝမ်မျက်နှာတခုလုံးကဝင်ပသွားသည်။ဂိုရှီဝမ်၏ မျက်နှာထက်မှာတော့ ပျော်ရွှင်မှုအရိပ်အယောင်တွေကသိသိသာသာထင်ဟပ်နေပြီး သူကအရိုသေဆုံးသော လေသံဖြင့်
"... အဖေ စကြာဝဠာသိုင်သမားအဆင့်ကိုရောက်သွား သားဂုဏ်ပြုပါတယ် ...."

".... အဖိုး စကြယဝဠာသိုင်းပညာရှင်ဖြစ်သွားတာကို ဂုဏ်ပြုပါတယ် ခင်ဗျ ....!"
ဂိုရှီဝမ် နှုတ်ဆက်ပြီးသည်နှင့် ဂိုရှီ နဲ့ဂိုဖေးက ရှေ့တလှမ်းတိုးကာ ရိုရိုသေသေနှုတ်ဆက်လိုက်ကြသည်။

ဂိုမိသားစုဝင်တွေနှုတ်ဆက်ပြီးသွားတော့ ဂိုအိမ်တော်ရဲ့ လက်အောက်ငယ်သားတွေဖြစ်ကြသော အဓိကအိမ်တော်ထိန်းကြီးချန်ယု နှင့် တခြားသူတို့နောက်ကပါလာကြသော လူတွေအကုန်လုံးက ဂိုအိမ်တော်၏ ဘိုးဘေ စကြာဝဠာ သိုင်းသမားဖြစ်လာသည့်အပေါ် ကိုယ်စီကိုငှ ဂုဏ်ပြုစကားဆိုလိုက်ကြသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now