801 - 805

212 13 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၀၁ ..... ရှန်းမင်ကျီက မဟာနတ်ဘုရားအဆင့် သို့ ရောက်ရှိသွားခြင်း

ဟဲ့ကျီဝူ၊ ဟဲ့ဖေးနှင့် ကျန်းရိကျား တို့သည် ခန်းမ၏ ထောင့်တစ်နေရာဆီသို့ ဆုတ်ခွာသွားကြသည်။ သူတို့က ဝမ်နာ၏ တွန့်လိမ်ရှုံ့တွ၍ စိတ်ခြောက်ခြားစွာ အော်ဟစ်နေခြင်းကို ကြည့်ရင်း သူမအား မည်သို့ နှစ်သိမ့်ရမည်မသိဖြစ်နေကြသည်။

ဝမ်နာသည် သူမ၏ ဒေါသကို အားပါးတရ ထုတ်ဖော်ဖောက်ခွဲပစ်လိုက်ပြီးနောက်မှသာ တည်ငြိမ်သွားလေပြီး ခန်းမထဲရှိ ပစ္စည်းများအား ဖျက်ဆီးနေခြင်းကို ရပ်တန့်လိုက်သည်။

"မင်းတို့ ဘာရှာတွေ့ခဲ့ကြလဲ"

ဝမ်နာက သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီးနောက် ခန်းမ ထောင့်တစ်နေရာ၌ တိုးဝှေ့ပူးကပ်နေကြသော သုံးယောက်ကို လှည့်မေးလိုက်သည်။

ဟဲ့ဖေးက ရှေ့ထိတိုးကာ ပြောသင့်သည့်ဟု တွေးလိုက်မိသေးသော်လည်း အဆုံး၌ ခြေလှမ်းတစ်လှမ်းမျှသာ ရှေ့တိုးလိုက်သည်။

"အပြင်မှာ ပြန့်နေတဲ့ ကောလာဟလတွေအရတော့...အချို့ဘိုးဘေးတွေက ဟောင်ရှောင်လုံကို အဆင့်မြင့်နတ်ဘုရားအဆင့် စိတ်ဝိညာဥ်ကျောက်တုံး ရတနာသိုက် လွှဲပေး ဆိုပြီး ခြိမ်းခြောက်ခဲ့ကြတယ်တဲ့...ဒါပေမယ့် သူတို့အားလုံးကို ဟောင်ရှောင်လုံက သတ်ပစ်ခဲ့တယ်"

"တစ်ချို့ဘိုးဘေးတွေလား"

ဝမ်နာ၏ မျက်လုံးများက လက်သီးဆုပ်နှယ် ပြူးကျယ်သွားလေသည်။

"သူတို့ကို ဟောင်ရှောင်လုံ ကိုယ်တိုင် သတ်ပစ်တယ်ဆိုတာ သေချာလား...သူ တစ်ယောက်တည်း သတ်တာလား"

"ကောလာဟလတွေအရတော့...ဟောင်ရှောင်လုံ ကိုယ်တိုင် သူတို့ကို သတ်ပစ်တာပါ"

ဝမ်နာက လေအေးတစ်ချက် ရှိုက်သွင်းလိုက်ပြီး မေးလိုက်သည်။

"ဘယ်ဘိုးဘေးတွေလဲ"

"အဲ့ဒီသူတွေက နတ်ဆိုးတစ္ဆေဘိုးဘေး၊ ကောက်ကျစ်မှု မကောင်းဆိုးဝါးအိုကြီး ၊ အစိမ်းရောင် မကောင်းဆိုးဝါး၊...."

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now