206 - 210

234 24 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၂၀၆ ..... သူတော်စင်ပြခန်း

   ယောင်ဖေးကအတန်ကြာအောင်စဉ်းစားလိုက်ပြီး ရှောင်တန်ကိုသူနားလာဖို့ဘအချက်ပြလိုက်သည်။ ရှောင်တန်သူ့အနားရောက်လာချိန်မှာတော့ တစုံတရာကိုပြောလိုက်သည်။

".... ကောင်းပါပြီသခင်လေး စိတ်ချနေပါ ...."
ရှောင်တန်က ယောင်ဖေး၏ ညွန်ကြားချက်အပေါ်ကို ရိုရိုသေသေပြန်ဖြေလိုက်သည် ။

ယောင်ဖေးဆီကနေ သွားးနိုင်ပြီလို့ အချက်ပြတာကိုမြင်တော့ရှောင်တန်လဲ ဟောခန်းမထဲကနေထွက်ခွာသွားသည်။

သူတို့နဲ့တချိန်ထဲဂိုအိမ်တော်မှာ ထမ်းစင်ဖြင့်ပြန်လည်သ်ာဆောင်လာသောသူ့သားနှစ်ယောက်ကိုကြည့်ရင်း ဂိုရှီဝမ်မျက်နှာထားက မဲမှောင်လျက်ရှိသည်။ ကြောက်စရာကောင်သော လူသတ်ချင်တွေစိတ်တွေက သူ့နှလုံသားထဲကနေ စိမ့်ထွက်လာနေသည်။

"... ဟောင်ရှောင်လုံ ....မင်းတော့လား...!!"
ဂိုရှီဝမ်က အံတင်းတင်းကြိတ်ရင်း ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

ဂိုအိမ်တော်ကလတွေအကုန်လုံးလဲ ဂိုရှီဝမ်၏ဒေါသတကြီးအော်ဟစ်သံတွေကြောင့် နေရာမရှိကြောင့် ကြောက်လန့်တုန်ယင်နေကြသည်။ ဂိုရှီဝမ်ဆိကနေ အခုလောက်ထိ ပြင်းပြင်းထန်ထန် ဒေါသထွက်နေပုံကို သူတို့ပထမဆုံးတွေ့ကြုံဘူးကြတာပဲ ဖြစ်သည်။

အကုန်လုံးက တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ဟောခန်းမထဲကိုသူတို့ရောက်နေတာ ဂိုရှီဝမ်မသိအောင် အတတ်နိုင်ဆုံးကိုယ်ကို ကျုံရင်း နေလိုက်ကြသည်။ သူတို့အထဲမှာ ဂိုအိမ်တော်၏ အဓိကအိမ်တော်ထိန်းကြီး ကျင်းယုလဲ တယောက်အပါအဝင်ဖြစ်သည်။

ကျင်းယုရင်ထဲမှာလဲ ထမ်းစင်ပေါ်က သူ့သခင်လေးနှစ်ယောက်ကိုကြည့်ရင်း  လူသတ်ချင်စိတ်တွေ တိတ်တဆိတ်ဖြစ်ပေါ်နေလေသည် ။ ဂိုရှီနှင့် ဂိုဖေးဆိုတာက သူတို့ဂိုအိမ်တော်၏
အရေးပါသောသခင်လေး နှစ်ယောက်မဟုတ်လား....။ အဲ့ဒါကိုသိတာတောင်မှ ငါတို့သခင်လေးနှစ်ျယာက်ရဲ့ ချီပင်လယ်တွေကို ဖျက်ဆီးပစ်ရဲတယ်ပေါ့လေ ...။ အခုလုပ်ရပ်က ဂိုအိမ်တော်၏ မျက်နှာကို အိုးမဲသုတ်လိုက်တာပဲ မဟုတ်ပါလား...။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now