556 - 560

175 17 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၅၅၆ ......

ဆံပင် အနီရင့်ရောင်ဖြင့် လူငယ်က ရှောင်လုံကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး

"... ဟေ့ကောင် ..... ကျောင်းသားသစ် စာမေးပွဲကိုအောင်လာရုံနဲ့ ဘယ်သူကမှ မင်းကို မသတ်နိုင်တော့ဘူးလို့ ထင်နေတာလား ... ငါမင်းကို တစ်ခုလောက်တော့ ပြောပြရအုံးမယ် ... တက္ကသိုလ် အပြင်ဘက်မှာ အလုပ်မျိုးစုံကို လုပ်ဆောင်ရင်း သေဆုံးခဲ့ကြတဲ့   အပြင်စည်းတပည့်တွေအရေအတွက်က တစ်နှစ်တစ်နှစ်ကို မနည်းဘူးနော် ...."

ဤစကားက ရှောင်လုံကို ပြောင်ပြောင်တင်းတင်း
ခြိမ်းခြောက်လိုက်ခြင်းပင် ဖြစ်သည်။
သို့သော် အပြင်စည်းတပည့်များက အပြင်လောကသို့ ထွက်၍ တာဝန်ကျရာ အလုပ်များကို လုပ်ဆောင်တိုင်းမှာ သေစေနိုင်လောက်သည့် အန္တရာယ်များ စောင့်ကြိုနေသည်မှာ အမှန်ပင်ဖြစ်သည်။ ပုံမှန်အားဖြင့် တက္ကသိုလ်ဘက်က အပြင်စည်းတပည့်များ သေဆုံးခြင်းအပေါ် သယံဇာတများ အသုံးပြု၍ စုံစမ်းခဲသည်။

".... အဲ့ဒီတော့ ငါကဘာလုပ်ရမှာလဲ ..?"

ရှောင်လုံက အေးစက်စက်လေသံဖြင့် ခနဲ့လိုက်သည်

"..... ဒါနဲ့ အတွင်းစည်းတပည့်တော်တော်များများလည်း အပြင်ဘက်မှာ အလုပ်လုပ်ရင်း သေနေကြတာကို မင်းမသိဘူးလား....?"

"... မင်း ..."

ဆံပင်အနီရင်ရောင်ဖြင့် လူငယ်၏ မျက်လုံးအိမ်ထဲ၌ စူးရှသော အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွားသည်။ သူ့ရင်ထဲမှာ ရှောင်လုံကို အစိမ်းလိုက် ဝါးစားချင်နေသည်။ သို့သော် သူ့က မလှုပ်ရှားလိုက်ပေ ။ အနက်ရောင် သူရဲကောင်း တက္ကသိုလ်တွင် အတွင်းစည်းတပည့်က အပြင်စည်းတပည့်အား တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် တားမြစ်ထားသည်။
ထိုလူငယ်က တက္ကသိုလ်၏ တင်းကျပ်သော စည်းမျဉ်းကို မချိုးဖောက်ရဲပေ။ ထိုကြောင့် သူ့ရင်ထဲမှ ဖြစ်ပေါ်နေသည့် လူသတ်ချင်စိတ်တွေကို မြိုသိပ် ထားလိုက်သည်။

"... ဟေ့ကောင် ...နောက်နှစ်လကြာရင် အပြင်စည်းအကုန်လုံး အပြင်ထွက်ပြီး အလုပ်တစ်ခု လုပ်ရလ်ိမ့်မယ် ... အဲ့ကြမှ မင်းနဲ့ငါ တွေ့ကြသေးတာပေါ့ ..."

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now