561 - 565

183 11 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၅၆၁ ..... ငရဲတံခါးဖွင့်လှစ်ခြင်း

သဘာဝဝိညာဉ်သန္ဓေသားလောင်း၏ စွမ်းအားများကို စုပ်ယူပြီးနောက် သန့်စင်သော စိတ်ဝိညာဉ်စွမ်းအားမှ ဝိညာဉ်စွမ်းရည်အဖြစ် ပြောင်းလဲနိုင်သည့် စွမ်းအားကို ရှောင်လုံ ပိုင်ဆိုင်လာခဲ့သည်။

ရှောင်လုံက လေထဲတွင် ပျံဝဲနေသည့် ဝိညာဉ်ကျောက်တုံးလေးကို တစ်ချက်ကြည့်လိုက်သည်။ ထိုနောက် သူ့လက်ကို အနည်းငယ် လှုပ်ရှားလိုက်သည်။ ညင်သာသော အင်အားတစ်ခုက ဝိညာဉ်ကျောက်တုံးလေးကို သူ့လက်ပေါ်သို့ ဆွဲယူပေးလိုက်သည်။
သို့သော် သူ့လက်ထဲမှ ဝိညာဉ်ကျောက်တုံးကိုကြည့်ပြီး ရှောင်လုံအနည်းငယ် စိတ်ပျက်သွားသည်။ သူ့လက်ထဲမှ ဝိညာဉ်ကျောက်တုံးက အဆင့် ၂ ဝိညာဉ်ကျောက်တုံး တစ်တုံးသာ ဖြစ်သည်။

အဆင့် ၂ ဝိညာဉ်ကျောက်တုံးက သိုင်းဝိညာဉ်ကမ္ဘာကဲ့သို့ ကမ္ဘာငယ်များတွင် တန်ဖိုးအနည်းငယ် ရှိသော်လည်း အနက်ရောင် လိပ် ကမ္ဘာတွင် အဆင့် ၁ နှင့် အထက် ဝိညာဉ်ကျောက်တုံးများကသာ တန်ဖိုးရှိသည်။

"... ဟေ့ကောင်လေး .... မင်းက လောဘကြီးလွန်းမနေဘူးလားကွ .... "

ရှောင်လုံမျက်နှာပျက်သွားတာကို သတိပြုမိလိုက်သော အောင်းတိုင်ရီက ဒေါသတကြီး ပြောလိုက်သည်

".... ဒါက အခုမှ ပထမဆုံးအကြိမ်ကြိုးစားတာလေ ... အဲ့ဒါတောင် မင်းက အဆင့် ၂ ဝိညာဉ်ကျောက်တုံးကို စုစည်းနိုင်ခဲ့တယ် မဟုတ်လား ....
မင်းရဲ့ ခွန်အားပိုပြီးတိုးတက်လာရင် အဲ့ဒီစွမ်းရည်ကလည်း ပိုပြီးတိုးတက်လာမှာပေါ့....
အချိန်တစ်ခုလောက် စောင့်လိုက်ရင်ဘဲ အဆင့် ၁ ဝိညာဉ်ကျောက်တုံးကို စုစည်းနိုင်မှာပါ ..."

ထိုစကားကြာပြီးနောက် ရှောင်လုံမျက်နှာထက်မှ စိတ်ပျက်လက်ပျက်ဖြစ်နေမှုများ ပျောက်ကွယ်သွားသည်။
ရှောင်လုံက စိတ်အားတက်လာပြီး လေဟာနယ်ထဲ့သို့ နောက်တစ်ကြိမ် လက်ဆန့်ထုတ် လိုက်သည် ။ ရှောင်လုံလက်ဝါးက ဝိညာဉ်စွမ်းအင် အများအပြားကို ဆွဲယူလိုက်သည်။ ဝိညာဉ်စွမ်းအားများက ရှောင်လုံလက်ဝါးပတ်လည် တွင်လည်ပတ်နေသည်။ ထိုနောက် ဒုတိယဝိညာဉ်ကျောက်တုံးတစ်ခု ဖြစ်ပေါ်လာသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now