571 - 575

163 9 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၅၇၁ .....ငါ့နေရာကို တခြားတစ်ယောက် ယူထားတာလား....?

နတ်ဘုရားအဆင့်၂ နောက်ဆုံးအဆင့်ကို အောင်နိုင်ခဲ့သည့် ရှောင်လုံ၏ ဂုဏ်ကျက်သရေ များကို ကြယ်စင်စုကြီးတစ်ခုလုံးက တစ်လနီးပါးကြာအောင် မရပ်မနားဆွေးနွေးနေကြသည်။ ထိုနောက် ဖြည်းဖြည်းချင်း ငြိမ်ကျသွား၏ ။

ရှောင်လုံကလည်း ထိုအချိန်တစ်လအတွင်း ကျောင်းအုပ်ကြီး၏  အိမ်တော်အတွင်းမှာသာ အချိန်ပြည့် သိုင်းလေ့ကျင့်လျက်ရှိသည်။
နတ်ဘုရား အဆင့် ၂ သို့တက်လှမ်းနိုင်ခဲ့ပြီးနောက်  ငရဲတွင် တစ်ရက်ကြာအောင် နေနိုင်လာကြောင်း ရှောင်လုံ သတိပြုမိလိုက်သည်။

ထိုအပြင် သူအတွင်းအား အားလုံးကုန်ဆုံးပြီးနောက် ပြန်လည်ဖြည့်တင်းရာတွင်လည်း အချိန်တစ်နာရီသာ ကြာမြင့်တော့သည် ။ ထိုတွေ့ရှိမှုက ရှောင်လုံကို အရမ်းပျော်ရွှင်သွားစေသည်။

ရှောင်လုံ နတ်ဘုရားတစ်ပိုင်း အထွတ်အထိပ် အချိန်တွင် ငရဲပြည်၌ နှစ်နာရီမှ သုံးနာရီအထိသာနေနိုင်ခဲ့သည်။ ယခုအချိန်တွင် ငရဲပြည်၌ သိုင်းလေ့ကျင့်ချိန်က ယခင်ကထက်ရှစ်ဆနီးပါး တိုးတက်လာခဲ့သည်။ ထိုအပြင် ယခင်က ကုန်ဆုံးခဲ့သော အတွင်းအားများကို ပြန်လည်ဖြည့်တင်းရာတွင် တစ်ရက်နှင့် တစ်ညနီးပါးကြာမြင့်လေ့ရှိသည်။ ယခုတော့ တစ်နာရီမျှသာ ကြာမြင့်တော့သည်။

ထိုအချက်များက ရှောင်လုံ သိုင်းကျင့်စဉ်အပေါ် များစွာ အထောက်အကူပြုလာနိုင်သည်။
ယခင်က နတ်ဘုရားအဆင့် ၃ သို့ ရောက်ရှိရန် အချိန်သုံးနှစ်ကျော်ကြာနိုင်သည်ဟု ရှောင်လုံ တွက်ဆထားခဲ့သည်။ သို့သော် ယခုလို အမြန်နှုန်းနှင့် ဆိုလျှင် အလွန်ဆုံးနှစ်နှစ်သာ ကြာမြင့်နိုင်တော့သည်။

နေ့ရက်များက တဖြည်းဖြည်း ကုန်ဆုံးလာခဲ့သည်။ အပြင်စည်းတပည့်များ၏ သိုင်ပြိုင်ပွဲပြီးဆုံးခဲ့သည် မှာ နှစ်လကြာမြင့်သွားခဲ့သည်။

တစ်ရက်သောနေ့တွင် ရှောင်လုံက သူ၏ နေ့စဉ် သိုင်းလေ့ကျင်မှုများကို ရပ်လိုက်သည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now