246 - 250

254 25 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်
စာစဉ်၁၇
အပိုင်း ၂၄၆ .....

    အရှေ့မှာစောင့်ကြိုနေသော ပြင်းထန်သောသေဆုံးခြင်းအရောင်အဝါတွေနှင့် စူးစူးရှရှသွေးညှီနံတွေကြောင့် ရှောင်လုံလဲ သူခရီးဆက်နေသည့်အရှိန်ကို လျော့ချလိုက်သည်။ ရှောင်လုံကအရှေ့သို့ ပိုမိုနီးကပ်လာလေလော သေဆုံးခြင်းအရောင်အဝါတွေနဲ့ သွေးညှီနံတွေက ပို၍ဆိုးရွားလာလေ ဖြစ်နေသည်။

".... ဒီနေရာက သေဆုံးခြင်းအရောင်အဝါတွေက ကြောက်စရာကောင်းလှချည်လား ..."

ရှေ့မှာစောင့်ကြိုနေသောအန္တရာယ်ကိုတွေးတောရင်း ရှောင်လုံရဲ့ အသက်ရှုနှုန်းတွေက ပိုပြီးမြန်ဆန်လာသည်။

အခုလောက်ထိ သေဆုံးခြင်းအရောင်အဝါတွေသိပ်သည်းနေရခြင်းက လူတယောက်နှစ်ယောက်သေဆုံးလိုက်ရုံနဲ့ ဖြစ်လာနိုင်သောအရာတခုမဟုတ်ပေ ...။တစ်နေရာထဲမှာ လူပေါင်းထောင်သောင်းချီ၍ အစုလိုက်အပြုံလိုက်သေဆုံးမှသာ အခုလိုမျိုးသိပ်သည်းသော သေဆုံးခြင်းအရောင်အဝါမျိုးတွေ ဖြစ်ပေါ်လာနိုင်သည်။

လူပေါင်းထောင်သောင်းနှင့်ချီ၍ သေဆုံးနိုင်သော ဖြစ်နိုင်ချေကလဲ တခုပဲရှိသည် ။ အဲ့ဒါကတော့အရှေ့ဘက်မှာ တိုက်ပွဲဖြစ်နေကြလို့ပင် ....။ အသက်ရှုကြပ်လောက်အောင် ကြိုင်လှိုင်နေသော  သွေးညှီနံတွေက တိုက်ပွဲ၏ အခြေအနေ အထွတ်အထိပ်သို့ရေညက်နေမှုကို ညွှန်ပြနေသည် ။

ရှောင်လုံက သူ့စိတ်အာရုံတွေကို အရှေ့ဘက်သို့ရောက်နိုင်သမျှရောက်အောင် လွှင့်ထုတ်ရင်း အာရုံခံကြည့်လိုက်သည် ။ ထိုနောက် ရှောင်လုံက သတိဝိရီယဖြင့် ဖြည်းဖြည်းချင်းခရီးဆက်နေရာ ဆယ်မိနစ်လောက်အကြာမှာတော့ တောင်ကုန်းလေးတခုဆီသို့ရောက်ရှိသွားသည် ။

တောင်းကုန်ထက်ကနေ မြင့်တွေ့လိုက်ရသောမြင်ကွင်းက ရှောင်လုံခန့်မှန်းထားသကဲ့သို့ပင် ...။ သူနှင့် အတော်ဝေးကွာသော ဟင်းလင်းပြင်နေရာကျယ်ကြီးတခုထဲမှာ လူပေါင်းများစွာတိုက်ခိုက်နေကြလေသည်။

သူတို့ဝတ်ဆင်ထားကြသော အနီရောင် နှင့် အဝါရောင်အကျီတွေကို ကြည့်ချင်းအားဖြင့် စစ်တပ်နှစ်ခု တိုက်ခိုက်နေကြမှန်း အလိုလိုသိနိုင်လေသည် ။ ဓားတွေလှံတွေကိုင်ဆွဲထားကြသော စပ်တပ်နှစ်ခုက အကြိတ်အနယ်ကိုတိုက်ခိုက်နေကြသည် ။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now