401 - 405

207 20 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၄၀၁ ......

ရှောင်လုံ၏ အမေးစကားကိုကြာသလိုက်တော့ ဂူဖန်းတစ်ယောက် ခြေထောက်တွေ ပျော့ခွေကျသွားမတတ် ဖြစ်သွားသည် ။

"..... သ ...သခင်လေး .... ကျွန်....ကျွန်တော်ပြောတာမှားသွားပါတယ် ....တကယ်တော့ သခင်လေး ဆေးမြစ်နှစ်ခုစလုံးက သက်တမ်း လေးသောင်းနီးပါး ရှိနေကြပါပြီ ....."

"..... မှားသွားတယ်ဟုတ်လား ....?"

ရှောင်လုံက လှောင်ရယ်ရယ်လိုက်သည် ။
ထိုအချိန်တွင် ခန်းမဆောင်အပြင်ဘက်ကနေ စူးရှသောလေတိုးသံတွေထွက်ပေါ်လာပြီး ခဏအကြာမှာ တစ်ခေါင်းလုံးဆွတ်ဆွတ်ဖြူကာ အနီရောင်ဝတ်စုံဝတ်ဆင်ထားသော အဖိုးအိုတစ်ယောက် ဦးဆောင်လာသည့် အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာသည်။

".... ဆရာကြီး လျိုယန် ...."

လျိုယန်ကို မြင်တွေ့လိုက်ရသည့်အခိုက်မှာ ဂူဖန်း မျက်နှာ ကြောက်ရွံတုန်လှုပ်နေမှုတွေက ပိန်းကြာရွက်တွင် ရေမတင်သကဲ့သို့ လျောကျပျောက်ဆုံးသွားလေသည် ။ ဂူဖန်စိတ်ထဲမှာ ဒိတစ်ကြိမ်တော့ သူမသေနိုင်သေးဘူးလို့ တစ်ထစ်ချ
သတ်မှတ်လိုက်သည် ။

လျိုယန်က စကြာဝဠာအဆင့် သိုင်းသမားတစ်ယောက်ပင် ဖြစ်သည်။

လျိုယန်ကလည်း သူရောက်လာချိန်မှာ ယန်ယင် အကောင်းပကတိရှိသေးတာကိုမြင်တော့မှ သက်ပြင်းချနိုင်သွားသည်။

".... သခင်မလေး အဆင်ပြေရဲ့လား ....?"

".... အဆင်ပြေပါတယ် ...."

ယန်ယင်ကလည်း သူမအားကိုးရာ ရောက်လာတာကိုမြင်တော့မှ သက်ပြင်းချနိုင်သွားသည် ။ ထိုအချိန်၌ ရှောင်လုံအရှေ့မှာ ဒူးထောက်နေသောဂူဖန်း က လျိုယန်ဘက်သို့လှည့်လိုက်သည် ။ ထိုနောက် သူကမတ်တပ်ထရပ်ရင်း ချိုယန်အနောက်တွင် အလျင်အမြန် ပုန်းခိုလိုက်သည် ။

".... ဆရာ လျို ....ဆရာကျွန်တော့ကိုကယ်ပါအုံး..."

နတ်မျက်စိ အကဲဖြတ်အဖွဲ့နှင့် အောင်းယူ ဆေးပစ္စည်းအရောင်းဆိုင်တို့က ပုလင်းတူ ဗူးဆို့ချင်း တူကြတာကြောင့် ရင်းနှီးကျွမ်းဝင်ကြသည်။ အောင်းယူအရောင်းဆိုင်ဘက်ကလည်း သူတို့ဆိုင်ဖွင့်လာသည့် နှစ်ပေါင်းတစ်ရာကျော်သက်တမ်းတစ်လျှေက်လုံးမှာ နတ်မျက်စိအကဲဖြတ် အဖွဲ့ကြောင့် အမြတ်အစွန်းများစွာ ရရှိခဲ့လေသည် ။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now