941 - 945

147 6 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၉၄၁.....နှစ်ဝက်ကြာပြီးနောက်

သူ့ဆီသို့ ဦးတည်လာနေသော ချီစွမ်းအင်နဂါးများကို ကြည့်ရင်းး ရှောင်လုံ သည် သူ့၏ ငရဲနတ်ဆိုး အန္တိမနတ်ဘုရား ဦးခေါင်းများကို အသက်သွင်းလိုက်သည်။

သူ့၏ ခန္ဓာကိုယ်ဆီမှ အမှောင်စွမ်းအင် နတ်ဘုရား အင်အား စီးကြောင်းများ ဖြာထွက်လာပြီး ဆေးမြစ်တစ်ခုလုံးကိုဖုံးလွှမ်းသွားကာ ငရဲနတ်ဆိုး အကာအကွယ်တစ်ခု ဖြစ်ပေါ်လာပေသည်။

ထို့နောက် သူက ရှေ့သို့ လက်သီးဖြင့် ထိုးလိုက်လေပြီး သတ်ဖြတ်လိုစိတ် သည် ပေါက်ကွဲ ထွက်ပေါ်လာပေသည်။

မဟာနတ်ဘုရားအဆင့် ၅၊ အဆင့် ၆နှင့် အဆက့် ၇ ချီစွမ်းအင် နဂါးအားလုံးသည် ရှောင်လုံ၏ လက်သီးတစ်ချက်ကြောင့် ပေါက်ကွဲ ထွက်သွားရပေသည်။

ရှောင်လုံ၏ ငရဲနတ်ဆိုးအန္တိမနတ်ဘုရား ဦးခေါင်းသည် ဆေးချီစွမ်းအင် အမျှင်တန်းအားလုံးကို တက်တက်ကြွကြွဖြင့် စုပ်ယူဝါးမြိုလိုက်လေသည်။

နဂါးတစ်ကောင်၊နှစ်ဂါးနှစ်ကောင်...။

အဆက့်၆၊ အဆင့်၇နှင့် အခြားသော ချီစွမ်းအင်နဂါးအားလုံးသည် တဖြည်းဖြည်းချင်း အရေအတွက် လျော့နည်းသွားပေသည်။

ရှောင်လုံ က ထို နဂါးများဆီမှ စွမ်းအင်များကို စုပ်ယူရင်း သူ့၏ နတ်ဘုရား အင်အား၏ သန့်စင်မှုသည် အနည်းငယ် တိုးတက်လာကြောင်း ခံစားမိပေသည်။

သူ့၏ အစစ်အမှန် နတ်နဂါး ခန္ဓာကိုယ် သည်ပင် ထိုစွမ်းအင်များဆီမှ အံ့သြဖွယ်ရာ အကျိုးအမြတ်များကို ရိတ်သိမ်းနိုင်စွမ်း ရှိလာပေသည်။ အကြောင်းမှာထို ချီစွမ်းအင် နဂါးများသည် ဆေးမြစ်၏ အသန့်စင်ဆုံး ဆေးချီစွမ်းအင် ဆီမှ နှစ်ပေါင်းများစွာ စုစည်းလာပြီး ဖြစ်ပေါ်လာသောကြောင့်ဖြစ်ပေသည်။

ရှောင်လုံ ဝါးမြိုစုပ်ယူလိုက်သော ချီစွမ်းအင်နဂါးများသည် နှစ်သုံးသန်း ရှိသော ဆေးပင်ရာပေါင်းများစွာအား စုပ်ယူသန့်စင်ခြင်းနှင့် တူညီပေသည်။ မဟာနတ်ဘုရားအဆင့် သိုင်းပညာရှင်၇ တစ်ယောက်နှင့် နှိုင်းယှဥ်နိုင်သော နဂါးများသည် ပိုမို ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအင်များ ပါရှိနေပြီး နှစ်သုံးသန်း သက်တမ်းရှိ ဆေးပင်ထောင်ပေါင်းများစွာ နှင့် နှိုင်းယှဥ်နိုင်ပေသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now