631 - 635

173 9 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၆၃၁ .....

သိုင်းပြိုင်ပွဲကျင်းပချိန်တွင် တံခါးပိတ် သိုင်းလေ့ကျင့်နေကြသော ကျောင်းသားတစ်ချို့သည်
ရှောင်လုံအကြောင်းကို မသိထားကြပေ။

"... ဟုတ်တယ် ..."

ရှောင်လုံကခေါင်းညိတ်ပြလိုက်သည်။

"... ဒါကြောင့် မသိတာကိုး ..."

ထိုကျောင်းသားက ရှင်းပြလိုက်သည်

".... ဒီတောင်ထိပ်ကို နဂါးအဖွဲ့အစည်းကပိုင်တာ ..."

ရှောင်လုံလည်း ဇဝေဇဝါဖြင့် မျက်မှောင်ကြုတ်လိုက်သည်

"... နဂါး အဖွဲ့အစည်းဟုတ်လား ...?"

ထိုကျောင်းသားက ရှောင်လုံကို ကျောက်ခတ်လူသားတစ်ယောက်လို ငေးကြည့်လိုက်သည်

"... ညီကို.. ခင်ဗျား နဂါးအဖွဲ့အစည်းအကြောင်းကို မသိဘူးလား ...? နဂါးအဖွဲ့အစည်းဆိုတာက စီနီယာအကို ကျောင်းယု တည်ထောင်ထားတဲ့ အဖွဲ့အစည်းပဲ ... အထူးကျောင်းသားတော်တော်များများကလည်း နဂါးအဖွဲ့အစည်းဝင်တွေကြီးပဲ ... စီနီယာအကို ကျောင်းယုက နဂါးအဖွဲ့အစည်းရဲ့ ခေါင်းဆောင်လေ ...ဒီတောင်ထိပ်တင် မကသေးဘူး ပတ်ဝန်းကျင်က တောင်ထိပ် အခုနှစ်ဆယ်ကျော်ကိုလည်း သူတို့ပဲပိုင်တာ ...."

ထိုအထူးကျောင်းသားက ပတ်ဝန်းကျင်တွင် ရှိနေသည့် တောင်များအား လက်ညိုးဖြင့် ညွှန်ပြလိုက်သည်။ ထိုတောင်ထိပ်များသည်လည်း ရှောင်လုံ ယခုရွေးထားသော တောင်ထိပ်ကဲ့သို့ သဘာဝိညာဉ်စွမ်းအားများ ကြွယ်ဝစွာရှိနေသော နေရာများ ဖြစ်ကြသည်။ ရှောင်လုံ မျက်နှာက မှုန်ကုပ်ကုပ် ဖြစ်သွားသည်

".... အဲ့ဒီ ကျောင်းယုဆိုတဲ့ကောင်က သူ့ကိုယ်ပိုင် အဖွဲ့အစည်းတစ်ခု တည်ထောင်ထားရဲတယ်ပေါ့...
တက္ကသိုလ်မှာရှိတဲ့ အကြီးအကဲတွေက အဲ့ဒီကိစ္စကို ဘာမှ မပြောကြဘူးလား ...?"

အထူးကျောင်းသားက မဲ့ပြုံးပြုံးပြီး ခေါင်းခါပြလိုက်သည်

".... ကျောင်းယုက လက်ထောက်ကျောင်းအုပ် ဝမ်နာရဲ့ တပည့်လေ ... ဘယ်သူမှ သူ့ကို မပြောရဲဘူး ... နောက်ပြီး တက္ကသိုလ်ကလည်း အဲ့လိုအဖွဲ့အစည်း လုပ်ခွင့်မရှိဘူးလို့ စည်းကမ်းမှ မထုတ်ထားတာ ...
ကျောင်းယုက ဒီနေရာမှာရှိတဲ့ တောင်အလုံးနှစ်ဆယ်ကို သူတို့အဖွဲ့အစည်းပိုင် အဖြစ်ကြော်ငြာထားတာ ... အဲ့ဒါကြောင့် အထူးကျောင်းသားတွေထဲမှာ ဘယ်သူကမှ ဒီနေရာကိုလာပြီး သိုင်းလေ့ကျင့်တဲ့နေရာ
မဆောက်ရဲကြဘူး.....  လွန်ခဲ့တဲ့ တစ်နှစ်လောက်က မင်းလိုပဲ အထူးကျောင်းသားတစ်ယောက် ဒိနေရာမှာ သိုင်းလေ့ကျင့်ဖို့နေရာ တည်ဆောက်ခဲ့ဘူးတယ် ... သူဘယ်လို အဆုံးသတ်သွားတယ်လို့ ထင်လဲ....?"

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now