901 - 905

177 6 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၉၀၁..... ပေထန်းမိသားစု တစ်အုပ်စုလုံး မယုံကြည်နိုင်ဖြစ်သွားကြခြင်း

စန့်ချူ အပါအဝင် မိုးပြာရောင်နဂါး တက္ကသိုလ် မဟာအကြီးအကဲ များသည် ရှောင်လုံ ကို တုန်လှုပ်မှင်သက်စွာ ကြည့်နေကြလေသည်။ သူတို့၏ မျက်နှာများက သေလုမတတ် ဖြူဖြော့နေကြသည်။

မဟာအကြီးအကဲများသည် သူတို့၏ ဘောင်းဘီရှည်က စိုရွှဲသွားသလို ခံစားလိုက်ကြရပြီး အနံစူးရှသည့် အဝါရောင် အရည်က သူတို့၏ ခြေထောက်များကြားမှစီးကျလာလေသည်။

ရှောင်လုံ က ချင်ယီ ကို လှောင်ရယ်ဟန်ဖြင့် ကြည့်လိုက်လေပြီး သူ့၏ အေးစက်စက်အကြည့် ထဲတွင်သွေးဆာ ရက်စက်မှုများ ရောယှက်နေပေသည်။

" တက္ကသိုလ်ကျောင်းအုပ်ကြီးချင်ယီ... ခင်ဗျား ယူလာတဲ့ အနီရောင်သစ်သားအခေါင်းတစ်ရာကို ထုတ်လာလိုက်လေ ...အဲ့ဒီ့ အခေါင်းတွေ ယူလာပေးတဲ့အတွက်... ကျုပ်က ခင်ဗျား တို့ရဲ့ အလောင်း တွေကို အကောင်းအတိုင်းချန်ထားပေးရတာပေါ့"

မိုးပြာရောင်နဂါးတက္ကသိုလ် သိုင်းပညာရှင်များ၏ စိတ်ထဲတွင် ကြောက်ရွံ့မှုများ ထွက်ပေါ်လာပြီး ထိုနေရာ၌ ရပ်နေရင်းနှင့်ပင် သူတို့၏ ခန္ဓာကိုယ် များ အေးစက်သွားသလို ခံစားလိုက်ရသည်။

" ဟောင်...ဟောင်ရှောင်လုံ... ငါက မိုးပြာရောင်နဂါးတက္ကသိုလ် ရဲ့ ကျောင်းအုပ်ကြီး ပဲ...မင်း ငါ့ကို သတ်လို့မရဘူး...မင်းငါ့ကို သတ်လို့မရဘူး ကွ"

ချင်ယီ က အဆက်ဆက် မရှိသည့် စကားများကို တတွတ်တွတ် မြည်ရွတ်နေလေသည်။

ရှောင်လုံ၏  နှုတ်ခမ်းက ကွေးညွှတ်သွားလေသည်။

" ခင်ဗျား က မိုးပြာရောင်နဂါးတက္ကသိုလ်ရဲ့ကျောင်းအုပ်ကြီး ဖြစ်နေတာနဲ့ပဲ...ကျုပ်က မသတ်ဘူးများ ထင်နေတာလား... ဖန်းချူ ဆိုရင် ကံကြမ္မာဂိုဏ်းရဲ့ ပင်မတပည့်ဖြစ်ပြီးတော့... ရဲ့လူချူဖေး ဆိုရင် ရဲ့လူမိသားစုရဲ့ ခေါင်းဆောင် လေ"

ချင်ယီ ၏ မျက်နှာက ဖြူဖြော့သွားလေသည်။

ယခုအချိန်ထိတိုင် ချင်ယီသည် မယုံကြည်နိုင်ဖြစ်နေဆဲ ဖြစ်သည်။ဘာကြောင့်နည်း။ ထိုကမ္ဘာဦး နတ်နဂါးသည် အဘယ်ကြောင့် ဟောင်ရှောင်လုံ ဖြစ်နေသနည်း။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now