866 - 870

139 10 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၈၆၆.....လျှပ်စီး နတ်ဘုရား၏ ကျင့်ကြံခြင်း နန်းတော်ကို ရှာဖွေခြင်း

ဝင်ပေါက်ကို ဖြတ်သန်းသွားပြီးနောက် ရှောင်လုံသည် အရပ်မျက်နှာ တစ်ခုကို ရွေးချယ်ကာ ပျံသန်းလိုက်လေသည်။

လျှပ်စီး နတ်ဘုရား၏ကျင့်ကြံ ခြင်း နန်းတော် ကမ္ဘာထဲတွင် နဂါးများနှင့် တူသော လျှပ်စီး လှိုင်းများသည် နေရာတိုင်းတွင် ရှိနေပေသည်။ထို လျှပ်စီး နဂါးများသည် အသိဉာဏ် ကိုပိုင်ဆိုင်ထားကြပြီး ကျူးကျော်လာသူများကို စတင်တိုက်ခိုက် တတ်ကြသည်။

ရှောင်လုံသည် ထိုလျှပ်စီးလှိုင်းနဂါးများနှင့် တိုက်ခိုက်မှု နှင့် ရင်ဆိုင် တိုက်ခိုက်လိုက်ရချိန်တွင် ထို လျှပ်စီး နဂါးများကို ပြန်လည်တွန်းကန် တိုက်ခိုက်လိုက်ခြင်း မရှိပေ။ ထိုအစားသူက ငရဲနတ်ဆိုး အန္တိမ နတ်ဘုရား ဦးခေါင်း ၏ ဝါးမြိုခြင်း စွမ်းအင်ကို အသက်သွင်းကာ သူ့ဆီသို့ ရောက်ရှိလာသည့် လျှပ်စီး စွမ်းအင်များ အားလုံးကို ဝါးမြို စုပ်ယူလိုက်လေသည်။

ထိုလျှပ်စီး လှိုင်းနဂါးများသည် ဤလေဟာနယ်ထဲ၌ တည်ရှိခဲ့သည်မှာ နှစ်သန်းပေါင်း မရေမတွက်နိုင်အောင် ကြာခဲ့ပြီဖြစ်သည်။ ၄င်း တို့သည် အဖိုးတန်သော စိတ်ဝိညာဉ် စွမ်းအင်များကို စုပ်ယူကာ အသိဉာဏ် ကိုပင် ရရှိလာခဲ့ပေသည်။ ကျင့်ကြံသူများ အတွက်မူ ၄င်းတို့သည် ကြီးမားလှသော စွမ်းအင် အထောက် အပံ့ဖြစ်ပေသည်။

သူက ပျံသန်းနေရင်း လမ်းတစ်လျှောက်တွင် တဖြည်းဖြည်း ပိုမိုသန်မာ လာကြောင်း ခံစားမိနေလေသည်။

ထို့နောက် သူသည် သူ့၏ နတ်ဘုရား အာရုံဖြင့် ကျောက်စိမ်းတံဆိပ်ပြားကို စစ်ဆေးလိုက်လေသည်။ သူက ရဲ့လူမိသားစု တပည့်ကို သတ်ဖြတ်ခဲ့ပြီးနောက်တွင် သူ့၏ အဆင့်သည် ၆၇၆ သို့ ရောက်ရှိသွားကာ ထိပ်ဆုံး အယောက် ၇၀၀ ထဲသို့ ဝင်ရောက်သွားကြောင်း တွေ့လိုက်ရပေသည်။ ဤ ကဲ့သို့သော တိုးတက်မှု အမြန်နှုန်းသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှပေသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now