361 - 365

189 14 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၃၆၁ .....

ရေမီနဂါးဆေးလုံး ၊ နဂါးပြောင်းပြန်ဆေးလုံး ၊ ရွှေကျောက်စိမ်းပင်လယ် နဂါးဆေးလုံး ၊ ဗုဒ္ဓနဂါးဆေးလုံး ရွှေနဂါး ဆေးလုံး စသဖြင့် ဒဏ္ဍာရီထဲမှ ဆေးလုံးပေါင်းများစွာက ရှောင်လုံအရှေ့သို့ရောက်ရှိနေလေသည်။

ရှောင်လုံအရှေ့သို့ ရောက်ရှိနေသော ဒဏ္ဍာရီဆေးလုံးများမှာ သိုင်းဝိညာဉ်ကြီးပေါ်ကနေ ပျောက်ကွယ်သွားခဲ့တာ နှစ်ပေါင်းထောင်နှင့် ချီ၍ကြာခဲ့လေပြီ ...။ ဆေးပုလင်းများပေါ်တွင်ရေးမှတ်ထားသည့် နာမယ်တွေကိုဖတ်ကြည့်ရင်း ရှောင်လုံနှလုံးခုန်သံတွေက ပိုပိုပြီး မြန်ဆန်လာ၏ ။

အခုကျောက်စိမ်းအံဆွဲထဲတွင် ရှိနေသော ဆေးတစ်လုံးသာ သိုင်းလောကအတွင်း ပေါ်ထွက်လာခဲ့လျှင် သိုင်းလောကကြီးတစ်ခုလုံး ပြောင်းဆန်နေအောင် မုန်တိုင်းထန်သွားနိုင်သည် ..။
ရှောင်လုံလဲ တုန့်ဆိုင်းမနေတော့ဘဲ ဆေးပုလင်းတွေအကုန်လုံးကို နတ်လက်စွပ်အတွင်းသို့ ရွေ့ပြောင်းလိုက်လေသည်။

ကျောက်စိမ်းအံဆွဲထဲတွင် နောက်ဆုံးကျန်ရှိနေသောအရာမှာ ရွှေနဂါးဆေးကျမ်းဟုသည့် လျှို့ဝှက်ဆေးဖော်စပ်နည်း စာအုပ်တစ်အုပ် ဖြစ်သည်။

ရှောင်လုံတို့နေထိုင်ကြသော သိုင်းဝိညာဉ်ကမ္ဘာကြီးထဲတွင် ဆေးဖော်စပ်နည်းစာအုပ်နှင့် လက်နက်ပြုလုပ်နည်းစာအုပ်များက အလွန်ကို ရှားပါးပြီး ထိုပညာရပ်မျိုးကို မျိုးရိုးစဉ်ဆက်သာ လက်ဆင့်ကမ်းပေးကြတာမို့ မြင့်တွေ့ရခက်ခဲသော အမွေအနှစ်ပစ္စည်းများဖြစ်ကြသည်။ အထူးသဖြင့် အဆင့်မြင့်လက်နက်များနှင့် အဆင့်မြင့်ဆေးလုံးများကို ဖော်စပ်နိုင်သည့် ကျမ်း များက ပိုလို့တောင်ရှားပါးသေးသည်။

ကျောက်စိမ်းအံဆွဲထဲတွင် ရှိနေသော စာအုပ်လေး၏  အသွင်အပြင်ကို အကဲခတ်ကြည့်ရုံဖြင့် အဆင့်မြင့်ဆေးဖော်စပ်နည်းစာအုပ် တစ်အုပ်ဆိုတာက သိသာနေသည်။ ထိုစာအုပ်လေးက ရှောင်လုံရရှိထားသော ရှားပါးသည့် ဆေးလုံးတွေအားလုံးထက်ကိုပင် ပို၍ အဖိုးတန်သေးသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now