451 - 455

199 13 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၄၅၁ ......

သို့သော် ရှောင်လုံ အနေနှင့် ထိုကဲ့သို့ ရေစက်များမှ နဂါးကို ဖန်တီးရန်အတွက် စိတ်ဝိညာစဉ် စွမ်းအားများစွာ လိုအပ်သည် ။ အကယ်၍ ရှောင်လုံ၏ စိတ်ဝိညာဉ်စွမ်းအားသာ မလုံလောက်ခဲ့လျှင် ထိုရေနဂါးနှစ်ကောင်ဟာ စက္ကန့်အတွင်းမှာဘဲ ပျောက်ကွယ်သွားမှာ ဖြစ်သည်။

ရှောင်လုံ၏ သိုင်းတစ်ကွက်က နတ်သူငယ်အကုန်လုံးကို တုန်လှုပ်သွားစေသည်။
နတ်သူငယ်များက ရှောင်လုံ အနောက်မှ ရေနဂါးကြီးနှစိကောင်ကို မျက်လုံးအပြူးသားဖြင့် ငေးကြည့်နေကြ၏ ။ ထိုကဲ့သို့ အံသြတုန်လှုပ်နေကြသူများထဲတွင် ရှောင်လုံကို ဖမ်းဆီးရန် အမိန့်ပေးခဲ့သည့် နတ်သူငယ် အမျိုးသမီးလည်း ပါဝင်သည်။

"....နင် .... နင်က မှော်ဆရာလား ....?"

လီနာက ရှောင်လုံကို တုန်တုန်ယင်ယင်ဖြင့် မေးမြန်းလိုက်သည်။

".... မှော်ဆရာ ဟုတ်လား ...?"

ရှောင်လုံက တစ်ဖန်ပြန်၍ အံသြသွား၏ ။ အရပ်ဆယ်မျက်နှာတိုင်းပြည်းက လူတွေဟာ မှော်သိုင်းကို လေ့ကျင့်ကြကြောင်း ကျောင်းရှု၏ ပြောစကားကို ရှောင်လုံ တစ်ခါက ကြားခဲ့ဘူးသည်။
ထိုသို့ မှော်သိုင်းလေ့ကျင့်သူများကို မှော်ဆရာဟု ခေါ်ဆိုကြခြင်းဖြစ်သည်။

".... မိုးကြိုးလူသားဘုရင်က ရေဒြပ်စင်ကို ကျွမ်းကျင်ပိုင်နိုင်တဲ့ မှော်ဆရာတစ်ယောက် လွှတ်လိုက်မယ်လို့ တကယ်မထင်ထားဘူး ..."

လီနာက လှောင်ရယ်ရယ်လိုက်ပြီး

"... ငါတို့လူစုက လူအယောက် တစ်ထောင်ကျော်ရှိတယ် ...နင်ဘယ်လောက်ထိ မှော်သိုင်းကို သုံးနိုင်သလဲဆိုတာ ကြည့်ကြသေးတာပေါ့ ..."

"... အားလုံးဘဲ ရန်သူကို ဝိုင်းတိုက်ကြ..."

လီနာ၏ အမိန့်သံအဆုံးမှာ နတ်သူငယ်များက တစ်ပြိုင်နက် လှုပ်ရှားလာကြသည်။ ထိုနောက် သူတို့လက်ထဲသို့ လေးနှင့် မြားများ ရောက်ရှိလာကြသည်။ ထိုနောက်တွင် ရှောင်လုံဆီသို့ မြားမိုးရွာကျလာသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now