471 - 475

170 12 0
                                    

Sorry ဗျို့ နောက်ကျသွားတယ်

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၄၇၁ ....

  ".... စပ်စုလွန်းရင် ဘေးတွေ့တတ်တယ်ဆိုတာကိုရော ခင်ဗျားတို့သိရဲ့လား ....?"

ရှောင်လုံက ငေါ့တော့တော့ပြောလိုက်သည်။

လီမိုလင်က ပြုံးလိုက်ပြီး

".... ကျွန်မတို့ နတ်ဘုရားကျောင်းတော်က သားရဲမျိုးနွယ်စုတွေ စုစုစည်းစည်းနဲ့ အရင်လိုမျိုးတောက်ပခဲ့တဲ့ အချိန်တွေကို ပြန်လည်ပိုင်ဆိုင်ဖို့ကိုပဲ အမြဲမျှော်လင့်နေတာပါ ... အခု သူရဲကောင်းလေးက သားရဲနတ်ဘုရားတောင်ဝှေ့ကို ရှာတွေ့ခဲ့တယ်ဆိုတော့ သူရဲကောင်းလေးက သားရဲလူသားမျိုးနွယ်စုတွေကို စုစည်းဖို့ ကံပါလာတဲ့လူပဲ ... အဲ့ဒီအတွက်လဲ ကျွန်မတို့ နတ်ဘုရားကျောင်းတော်က အရမ်းကို ဝမ်းသာမိပါတယ် ..."

ဂျပိုးကို လိပ်ဖြစ်အောင် ပြောတတ်သော လီမိုလင်ကိုကြည့်ရင်း ရှောင်လုံက ရင်ထဲမှာဘဲ ကျိတ်ပြုံးလိုက်သည်။

ဘာတဲ့ .... နတ်ဘုရားကျောင်းတော်က သားရဲလူသားမျိုးနွယ်တွေ စုစည်းဖို့ကို မျှော်လင့်နေတယ်ဟုတ်လား .....?

အမှန်တော့ နတ်ဘုရားကျောင်းတော်က သားရဲမျိုးနွယ်စု တစ်ခုလုံးကို သူတို့၏
လက်အောက်ခံ အဖြစ် သွတ်သွင်းလိုနေခြင်းပင် ..။

".... သူရဲကောင်လေးဆီမှာ သားရဲနတိဘုရားတောင်ဝှေ့ရှိနေပြီဆိုမှတော့ ကျွန်မတို့ကို ပြန်လိုက်ပါတော့မယ် ...  မကြာခင်မှာ ဂုဏ်ပြုလက်ဆောင်တွေနဲ့ သူရဲကောင်းလေးဆီကို အရောက်ပြန်လာပါအုံးမယ် ..."

ထိုနောက် လီမိုလင်က လွေယန်နှင့် အကြီးအကဲများကို မျက်ရိပ်ပြလိုက်ပြီး

"... သွားကြစို့ ...."

နှစ်ပေါင်းတစ်သောင်းကျော် ပျောက်ဆုံးနေခဲ့သည့် သားရဲနတ်ဘုရားတောင်ဝှေ့က ရုတ်တရက် ပြန်ပေါ်လာသလို သူ့တို့ပုံအော၍ အလောင်းအစား ပြုလုပ်ထားသော အန်ဒရူးကလည်း သေလူတစ်ယောက်နှင့် ဘာမှမခြားနားတာကြောင့် ယခုအခြေအနေမှာ နတ်ဘုရားကျောင်းတော်အနေနှင့် သားရဲလူသားမျိုးနွယ်စုများကို ထိန်းချုပ်ရန် မဖြစ်နိုင်တော့ဘူး ဆိုတာကို လီမိုလင်က ကောင်းကောင်းကြီး သဘောပေါက်သွားလေသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now