686 - 690

161 10 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၆၈၆ ..... တော်ဝင်ဆေးမြို့တော်သို့ ထွက်ခွာခြင်း

သို့သော် ဗုဒ္ဓဆာရီယာထဲ၌ ရှိနေသည့် စွမ်းအားပမာဏသည် နတ်ဘုရားဦးခေါင်း တစ်ခုထက် နည်းပါးပေသည်။ သို့သော် ရှောင်လုံ ယခင်က စုပ်ယူသန့်စင်ခဲ့ဖူးသော မဟာနတ်ဘုရားအဆင့် သားရဲအမြုတေများထက်တော့ အဆပေါင်းများစွာ ပိုမိုကောင်းမွန်ပေသည်။

ဗုဒ္ဓလမ်းစဉ် ကျင့်ကြံသူတစ်ယောက်သည် မဟာနတ်ဘုရား အဆင့်သို့ ချိုးဖျက်ဝင်ရောက် သွားပြီးနောက် ဗုဒ္ဓတစ်ပါး ဖြစ်သွားမှာဖြစ်သည် ။ ဤ ဗုဒ္ဓဆာရီယာသည် ဗုဒ္ဓလမ်းစဉ် ကျင့်ကြံသူတစ်ယောက် မဟာနတ်ဘုရားအဆင့်သို့ အောင်အောင်မြင်မြင် ချိုးဖျက်ဝင်ရောက်သွားချိန်မှ သာ ဖြစ်တည်လာခြင်း ဖြစ်သည် ။ ၎င်းသည် ဗုဒ္ဓတစ်ပါး၏ သွေးအဆီအနှစ် မှ ဖြစ်တည်လာခြင်း ဖြစ်ပြီး ဗုဒ္ဓ၏ အရှိန်အဝါနှင့် စွမ်းအားများ ဖုံးလွှမ်းနေလေသည်။

ရှောင်လုံသာ ဗုဒ္ဓဆာရီယာကို သန့်စင်လိုက်လျှင် သူ့၏ လက်ရှိ စွမ်းအားကိုတိုးပွားစေမည့်အပြင် အနာဂတ် သိုင်းကျင့်ကြံခြင်းအတွက်လည်း များစွာအကျိုးအမြတ် ရရှိပေလိမ့်မည်။

အစပိုင်းတွင် ဗုဒ္ဓဆာရီယာက ရှောင်လုံအား ငြင်းပယ်လိုက်မည်ကို လမင်းဆင်းသက်ခြင်းအဘိုးအို စိုးရိမ်နေခဲ့သည်။ ဤသို့ဆိုလျှင် ရှောင်လုံ ဗုဒ္ဓဆာရီယာကို သန့်စင်ရာ၌ အလွန်ပင် ခက်ခဲနိုင်မည် ။

ကံကောင်းထောက်မစွာဖြင့် ဗုဒ္ဓဆာရီယာ၏ တုန့်ပြန်မှုအရ ရှောင်လုံကို ငြင်းပယ်ဟန်မရသည်မို့ အဘိုးအိုလည်း စိတ်အေးသွားရသည် ။

"အဘိုး...အဘိုး ဒဏ်ရာရထားတယ် မဟုတ်လား...ဘာလို့ ဗုဒ္ဓဆာရီယာကို မသုံးလိုက်တာလဲ "

ရှောင်လုံက ဗုဒ္ဓဆာရီယာထံမှ အကြည့်လွှဲ၍ လမင်းဆင်းသက်ခြင်းအဘိုးအိုအား ကြည့်ရင်း မေးလိုက်သည်။
သို့သော် လမင်းဆင်းသက်ခြင်းအဘိုးအို၏ ဒေါသက ရုတ်ကခည်း ပေါက်ကွဲလာလိမ့်မည်ဟု သူ မထင်လိုက်မိချေ ။

" ချီးပဲ  .... ငါ ဒဏ်ရာရနေတယ်လို့ မင်းကို ဘယ်သူပြောလဲ .... ဒါက ဘာချီးဒဏ်ရာ မိုလို့လဲ ....ဒီလောက် ဒဏ်ရာလေးကို ကုသဖို့အတွက်နဲ့ ဗုဒ္ဓဆာရီယာ သုံးစရာလိုလို့လား.....  သောက်ခြောက်ကောင်ပဲ...ကောင်လေး... ဒီ ဗုဒ္ဓဆာရီယာကို ရဖို့အတွက် မင်းဆရာ ဘယ်လောက်ခက်ခက်ခဲခဲ ကြိုးစားခဲ့ရလဲဆိုတာ မင်းသိလား .....ဒီအဘိုးကြီးက ကိုယ့်ဘဝကိုယ် လောင်းကြေးထပ်ပြီးကို စွန့်စားခဲ့ရတာကွ.... မင်းကများ ဒါကို မလိုချင်ဘဲ နေရဲတယ်ပေါ့ ...."

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now