261 - 265

265 22 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၂၆၁ ....

       ရှောင်လုံသွေးကြောတွေနဲ့ ကိုယ်တွင်းအင်္ဂါတွေကို ရွှေရောင်တဖျက်ဖျက်လက်နေသည့်ကြံခိုင်သန်မာသော အလွှာတခုက ဖုံးအုပ်ပေးထားသည် ။အရင်တုံးက ရှောင်လုံရဲ့ ကိုတွင်းအင်္ဂါတွေက နှမ်းဖက်ကျောက်နှင့်တူခဲ့တယ်ဆိုရင် အခုချိန်မှာတော့ ကမ္ဘာပေါ်မှ အခိုင်ခံဆုံး သံမဏိကတောင်ထိုငိုသွားနိုင်သည်အထိ မာကျောလာပါသည် ။

ရှောင်လုံခန္ဓာကိုယ်ရဲ့ကြံခိုင်သန်စွမ်းမှုက ကောင်းကင်အဆင့်၈ စဦးသိုင်သမားတယောက်ထက်တောင် ပို၍သန်မာလေသည်။ အခုချိန်မှာ ရှောင်လုံက ချန်ရှေုင်ထျန်လက်သီးချက်ကို မခုခံပဲ ဒဲ့ထိခံလိုက်မယ်ဆိုရင် ရှောင်လုံက ဘာဒဏ်ရာမှရရှိမှာမဟူတ်တော့ပေ..။

"... အင်း.... ဗုဒ္ဓနတ်တွင်းရေတွေကိုညဘယ်လိုတိုးပွားလာအောင် လုပ်လို့ရမလဲဆိုတာကို ငါနည်းလမ်းရှာရမယ်.... "

ရှောင်လုံက သူ့ရှေ့မှာရှိနေသည့် ရေကန်ငယ်လေးအတွင်းမှ အဖြူရောင်ပျစ်ချွဲနေသည့် ဗုဒ္ဓနတ်တွင်းရေကိုကြည့်ရင်း သူ့ကိုယ်သူ ပြောလိုက်သည် ။

ဒေါင်ရမ်းအင်ပါရာနိုင်ငံကနေ ထွက်မလာသေးခင်ကတည်းက ရှောင်လုံ သူ့မိသားတွေ အတွက် ဗုဒ္ဓနတ်တွင်းရေ အချို့တဝက်ကို ချန်ထားခဲ့သေးသည်။ ဒီကြားထဲမှာလဲ သူကတနေ့တစက်လောက်ကို သုံးစွဲနေတာမို့ ရေကန်ငယ်လေးအတွင်းမှ ဗုဒ္ဓနတ်တွင်းရေတွေတစထက်တစကုန်ဆုံး လျော့ကျလာခြင်းဖြစ်သည်။
အခုလက်ရှိရေကန်င်ူလေးထဲမှ ဗုဒ္ဓနတ်တွင်းရေပမဏကို ရှောင်လုံကိုအလွန်ဆုံးတနှစ်လောက်သာထောက်ပံပေးနိုင်တော့မှာဖြစ်သည် ။ ဒိကြားထဲမှာ ရှောင်လုံအနေနှင့် ဗုဒ္ဓနတ်တွင်းရေတွေ ထပ်မံဖြစ်ပေါလာနိုင်မည့်နည်းလမ်းကိုရှာမတွေ့ခဲ့ဘူးဆိုရင် ရေကန်ငယ်လေးထဲက နတ်တွင်းရေတွေပြောင်သွားတော့မှာလဲ ဖြစ်သည်။

ဗုဒ္ဓနတ်တွင်းရေကိစ္စကို တခနလောက်စဉ်းစားပြီးနောက် ရှောင်လုံက သူ့လက်ရှိခုပ်နေသည့် အလုပ်ပေမှာပဲ အာရုံစူးစိုက်လိုက်သည် ။ ရှောင်လုံအတွက် အခုလက်ရှိအရေးအကြီးဆုံးဖြစ်နေတာက မိစ္ဆာနက်မြို့တော်ကို သိမ်းပိုက်ဖို့ပဲ ဖြစ်သည်။ အကယ်၍ ရှောင်လုံသာ မိစ္ဆာနက်မြို့တော်၏ အရှင်သခင်ဖြစ်လာပြီဆိုရင် နောက်အနာဂတ်မှာ ဘတ်လန်းနယ်မြေကြီးတခုလုံးကို သိမ်းပိုက်လိုသည့် ရှောင်လုံအတွက် အဓိကခြေကုပ်စခန်းတခုဖြစ်ာလာမှာပဲဖြစ်သည်။ အဲ့ဒီအချိန်ကြမှ ဗုဒ္ဓနတ်တွင်းရေပြသနာကိုဖြေရှင်းတော့မည်ဟု ရှောင်လုံက ဆုံးဖြတ်လိုက်သည် ။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now