1 - 5

930 38 1
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညဉ်

အပိုင်း(1)

နှင်းတောင်မြို့

  တဖြည်းဖြည်းနဲ့ ညဦးယံသိုရောက်လာပြီး ကောင်ကင်တခုလုံးလဲ ကြယ်ရောင်လေးများ တဖျက်ဖျက်လင်းလာလေသည်။

   တောင်ခါးပန်းတခုပေါ်မှာ အသက်၆နှစ် အရွယ်လောက်ရှိမယ့်ကောင်လေးတယောက်ဟာ ထူးဆန်းတဲ့ ကိုယ်ဟန်အနေအထားနဲ့ ရပ်နေသည်။ ကောင်လေးဟာ ခြေထောက်နှစ်ဖက်ကို ခွဲထားပြီး ခြေချောင်းလေးတွေကို မြေကြီးနဲ့ထိထားပြီးတော့ ခြေဖနောင့်ကိုကိုကြွထားသည်။ လက်နှစ်ဖက်ကိုလဲခေါင်းပေါ်မှာ မြှောက်ထားပြီးတော့ ခေါင်းကိုမေ့ာထားတဲ့ သူခန္ဓာကိုယ်သေးသေးလေးကို ဖျော့တော့တော့ စိတ်စွမ်းအားတွေဖြည်းဖြည်းချင်း လှည့်ပတ်နေသည်။ လရောင်ကလဲ ကောင်လေးရဲ့ တကိုယ်လုံးကိုလွမ်းခြုံပြီး လင်းလာတော့သည်။

    ကောင်လေးဟာ ထူးဆန်းနဲ့ကိုယ်ဟန်အနေအထားနဲ့ နေရင်းနဲ့ပဲ စိတ်စွမ်းအားတွေကို သူကိုယ်ထဲက သွေးကြောထဲထိရောက်အောင် ရှိုက်သွင်းလိုက်သည်။ တဖြည်းဖြည်းနဲ့ ညဥိးယံကိုလွန်လာပြီ လရောင်ဟာ ဖျော့တော့လာပြီး နေမင်းရဲ့. အလင်းရောက်တစွန်းတစပေါ်ထွန်းလာသည်။ ကောင်လေးကမြှောက်ထားတဲ့လက်နှစ်ဖက်ကိုချလိုက်ပြီးတော့ သူမျက်လုံးတွေကတော့ ရွှေရောင်ဖျော့ဖျော့တောက်နေသည်။

   ဟောင်ရှောင်လုံက သူ့မျက်လုံးတွေနဲ့ ထွက်ပေါ်လာတဲ့နေမင်းကိုစိုက်ကြည့်ရင်းနဲ့ သန့်ရှင်းလတ်ဆတ်သောလေကို အဝရှုလိုက်သည်။ သူဒီကမ္ဘာကြီးမှာ ပြန်လည်မွေးဖွားလာတာဟာ ဘာလိုလိုနဲ့ ၇နှစိတောင်ရှိတေ့ာမယ် သူ့အသက်သုံးနှစ်ကစပြီး ကိုယ်ခန္ဓာအသွင်ပြောင်းသိုင်းကိုကျင်ခဲ့တာ အခုလေးနှစ်နီးပါကြာတဲ့အခါမှာတော့ သူသိုင်းဟာ အဆင့်၃ ကောင်းကင်ထိုးဖောက်လက်ဝါးသိုင်းအဆင့် နီးပါးကိုရောက်လာသည်။

    အရင်ဘဝကတော့ ရှောင်လုံက သူဆရာ့ရဲ့သင်ကြားမှုအောက်မှာ အသွင်ပြောင်းသိုင်းကို ရှောင်လင်မှာလေ့ကျင့်ခဲ့ပြီးတော့ သူနားမလည်တာက သူဒီကမ္ဘာကြီး မှာ ဘာလို့ပြန်မွေးလာတာဆိုတာရယ် သိုင်းကျမ်းကိုလဲ အရင်ဘဝကလို မှတ်မိနေတယ်ဆိုတာရယ်ကို တွေးရင်နဲ့စိတ်ရှုပ်နေသည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now