576 - 580

150 11 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၅၇၆ .....

ကျောက်ချန်နှင့် ရှဲဟွေတို့က သူတို့အိမ်မက်ထဲမှာတောင် ရှောင်လုံကို အပိုင်းပိုင်း ဆွဲဖြဲ၍ အသားကိုစားပြီး သွေးကို သောက်ချင်နေကြသူများဖြစ်သည်။ သို့သော် သူတို့နှစ်ယောက်က ရှောင်လုံ ဝတ်စုံ၏ ရင်ဘတ်မှ အနက်ရောင် လိပ် ပုံသဏ္ဍာန်ကိုသတိပြုမိတာကြောင့် တဇောက်ကန်း မလုပ်ကြပေ ။ ထိုအမှတ်အသားကြောင့် သူတို့နှစ်ယောက်က အချိန်အနည်းငယ် မှင်တက်သွားကြသည်။
သူတို့မျက်လုံးအတွင်းပြင်းထန်စွာ ထွက်ပေါ်နေသည့် လူသတ်ချင်စိတ်များကလည်း တစ်ဝက်နီးပါး လျော့ကျသွားသည်။

ကျောက်မိသားစုနှင့် ရှဲမိသားစုတို့က ပထမတန်းစား မိသားစုစာရင်ပင် မဝင်ကြသော်လည်း သေးငယ်သည့်ဟု မဆိုနိုင်ပေ ။
သူတို့က အနက်ရောင် သူရဲကောင်း တက္ကသိုလ်၏ ဝတ်စုံအား ကောင်းကောင်းကြ်ိး မှတ်မိကြသည်။

အနက်ရောင် သူရဲကောင်း တက္ကသိုလ် ....!
ထိုအမည်နာမကြောင့် သူတို့နှလုံးသားများ တုန်လှုပ်သွားကြသည် ။ ရှောင်လုံက အနက်ရောင် သူရဲကောင်း တက္ကသိုလ်သိုလ်သို့ဝင်ပြီး အတွင်းစည်း ကျောင်းသားတစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူတို့အိမ်မက်ပင် မမက်ဘူးခဲ့ပေ။

".... ဟောင်ရှောင်လုံ အနက်ရောင် သူရဲကောင်း တက္ကသိုလ်ရဲ့ ကျောင်းသားဖြစ်နေတာ မင်းတော်တော်ကံကောင်းသွားတယ် .... "

ကျောက်ချန်က လှောင်ပြောင် ခနဲ့လိုက်သည်။
သို့သော် သူရင်ထဲ၌ မနာလိုစိတ် ၊ လူသတ်ချင်စိတ်များဖြင့် မုန်တိုင်းထန်နေသည်။

ရှောင်လုံကို ကျောင်းအုပ်ကြီး ဖုယန်က တပည့် အဖြစ်လက်ခံလိုက်သည့် သတင်းကို မဟာထိပ်သီး မိသားစုများနှင့် ပထတန်းစား မိသားစုများသာ သိကြသည်။ အလယ်အလတ်အဆင့်သာရှိသည့် ကျောက်မိသားစုနှင့် ရှဲမိသားစုတို့က ထိုသတင်းကို မသိကြပေ ။

ကျောက်ချန်နှင့် ရှဲဟွေ မဆိုထားနှင့် သူတို့မိသားစု၏ ဂိုဏ်းချုပ်များပင် အနက်ရောင် သူရဲကောင်း တက္ကသိုလ် ကျောင်းအုပ်ကြီး တပည့်အသစ် လက်ခံလိုက်သည့်အကြောင်းကို သတင်းအမှောင်ကျနေဆဲ ဖြစ်သည်။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now