911 - 915

141 9 0
                                    

ပြိုင်ဘက်ကင်းသိုင်းဝိညာဥ်

အပိုင်း ၉၁၁..... ကျိုးယောင်ရဲ့ ပါရမီက အံ့အားသင့်စရာပဲ

လူအုပ်ကြီး၏ စိတ်လှုပ်ရှားနေသော အကြည့်များရှေ့တွင် မော့စု၏ ခန္ဓာကိုယ် မှ တုန်လှုပ်ဖွယ်ရာ နတ်ဆိုးချီ ဖြာထွက်လာပြီး နေရာအနှံ့သို့ ပျံ့နှံ့သွားလေသည်။

အားကောင်းလှသည့် နတ်ဆိုးချီ ကို အာရုံခံမိသွားသောကြောင့် ငရဲမျှော်စင် ကို စိန်ခေါ်ရန် လာရောက်သူများသည် တောင့်တင်းသွားရပြီး လူအုပ်ကြီး သည်လည်း ထိုသို့သာ ဖြစ်ပေသည်။

မော့စု၏ မောက်မာမှု အပေါ် မကျေမနပ် ဖြစ်နေကြသော ကျိုးယောင် နှင့် ကျင်းရှောင်စုတို့ ကဲ့သို့ တပည့်များသည် ယခုအခါတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားကြသည်။

ကျိုးယောင်နှင့်ကျင်းရှောင်စုတို့သည် မော့စု၏ ကျင့်စဥ်အဆင့်ကို မြင်နိုင်စွမ်း မရှိသော်လည်း သူ့၏ ခွန်အား သည် အဆင့်မြင့် မဟာနတ်ဘုရားအဆင့် ဖြစ်ကြောင်းကိုမူ ခန့်မှန်းနိုင်ပေသည်။

မော့စုသည် လူအုပ်ကြီး၏မျက်နှာများပေါ်ရှိ တာန်လှုပ်မှုများကို သဘောတကျဖြင့် ရယ်မောလိုက်သည်။ ထို့နောက် သူက သူ့၏ လက်ဝါးပေါ်တွင် နတ်ဘုရားအင်အား အနည်းငယ် စုစည်းကာ ငရဲမျှော်စင် ၏ ဝင်ပေါက်ပေါ်သို့ ဖိကပ်လိုက်သည်။ ချက်ချင်းဆိုသလို ပထမထပ်၏ ဝင်ပေါက်သည် တောက်ပသည့်အလင်းကို ထုတ်လွှတ်လာပေသည်။ ထို့နောက် သူက အလင်းတန်းအသွင် ပြောင်းလဲသွားပြီး ငရဲမျှော်စင် ထဲသို့ ဝင်ရောက်သွားလေသည်။

မော့စုက ဝင်ပေါက်ထဲသို့ ပျောက်ကွယ်သွားပြီးနောက် ငရဲမျှော်စင်၏ ပထမထပ်သည် တောက်ပသည့် အလင်းကို ထုတ်လွှတ်နေပေသည်။

ပထမထပ် နံရံပေါ်ရှိ ရှေးဟောင်းနတ်ဆိုး သင်္ကေတများသည် တောက်ပနေပြီး ထူးခြားဆန်းကြယ်သည့် အင်အားကို ထုတ်လွှတ်နေပေသည်။

မော့စု ဝင်သွားပြီးနောက် အခြားသော နတ်ဆိုးကလန် တပည့်တစ်ယောက် ဝင်သွားကာ စာရင်းသွင်းထားသည့် တပည့်များအားလုံး ဝင်သွားကြသည်။ ထို့နောက်မှသာ လူသားမျိုးနွယ် တပည့်များ၏ အလှည့်သို့ ရောက်သွားသည်။ သို့သော် ငရဲမျှော်စင် ကို စိန်ခေါ်ခြင်းသည် လူတစ်ယောက် ၏ ပါရမီ အပေါ်၌သာ မူတည်ပြီး မျှော်စင်ထဲသို့ ဝင်ရောက်သည့်အချိန်နှင့် မသက်ဆိုင်သောကြောင့် မည်သည့် လူသားကျင့်ကြံသူကမှ ငြင်းချက်ထုတ်နေခြင်း မရှိပေ။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now