186 - 190

285 28 0
                                    

#ဒီနေ့နောက်တပိုင်းထပ်တင်ပေးပါ့မယ်pageကိုဝင်လို့မရဖြစ်နေလို့ကြာသွားတာပါ

ပြိုင်ဘက်ကင်းသိုင်းဝိညာဉ်

အပိုင်း ၁၈၆ .... မိုက်ရိုင်းလှချည်လား......!

ဒီအဖြူအမဲရောယှက်နေသော ကျားကြီးက သားရဲတထောင်ဆေးဒယ်အိုးနဲ့ ဆေးဖော်စပ်ခံလိုက်ရသော ဝတ်စုံနက်အဖိုးအို၏ သိုင်းဝိညဉ်ပဲ ဖြစ်ပါသည် ။

အဆင့် ၇ ဝိညဉ်အတွင်းအားဆေးလုံးက အတွင်းအားတွေကို တိုတက်စေရုံတင်မက သုံးစွဲသူ၏ ကိုယ်ခန္ဓာခုခံနိုင်မှုစွမ်းအား ကိုတိုးတက်လာစေနိုင်တဲ့ အပြင် သူ့ရဲ့ ကိုယ်တွင်းအင်္ဂါတွေ နဲ့စိတ်ဝိညဉ်ကိုပါ သန်မာလာစေနိုင်သည် ။ ရှောင်လုံလဲ အဆင့် ၇ ဝိညဉ်ဆေးလုံးလေးကို ဆုပ်ကိုင်ထားရင်း အတွေးကမ္ဘာထဲမှာ လွင့်မျောနေလေသည်။

ကောင်းကင်ကြီးမှာ အလင်းရောင်တွေ တစွန်းတစထွက်ပေါ်လာနေပြီဖြစ်သည် ။ မနက်မိုးလင်တာနဲ့ ရှောင်လုံက ဒေါင်ရမ်းရင်ပြင်ကျယ်သိူ့သွားကာ ချန်ပီယံဘွဲ့အတွက် ဆုကို လက်ခံရအုံးမှာပဲ ဖြစ်သည်။
ဒါကြောင့်မို့ ရှောင်လုံက ဝိညဉ်ဆေးလုံးကို သူဒေါင်ရမ်းရင်ပြင်ကျယ်မှာ ကျင်းပမယ့် ဆုချီးမြင့်ပွဲကိုတက်ရောက်ပြီး ပြန်လာမှ သောက်သုံးဖို့ ဆုံးဖြတ်လိုက်သည်။

သားရဲတထောင်ဒယ်အိုးက ကျောင်းရှုရဲ့အတွင်းအားတော်တော်များများကိုစုပ်ယူလိုက်တာမို့ရှောင်လုံက ကျောင်းရှုကိုအရင်သွားနားခိုင်းလိုက်သည် ။ ထိုနောက်အပြင်မှာစောင့်ကြပ်နေသော ယူမင်းနှင့် ဖေးဟိုကိုပြန်ခေါ်ပြီး တောင်ဘက်နေဝင်ချိန် အိမ်တော်နဲ့ ပတ်သတ်သောအကြောင်းအရာတွေကို ဆေွးနွးလိုက်ကြသည်။

အခုဆိုရင်ဒေါင်ရမ်းအင်ပါရာနိုင်ငံမှာ ရှောင်လုံတို့ အခြေချနေထိုင်မယ့်ကိစ္စအတွက်တော့ပြေလည်သွားခဲ့လေပြီ ..။ နောက်တဆင့်က လူတောင်းနိုင်ငံမှာကျန်နေခဲ့သော သူတို့ရဲ့ဟောင်မိသားစုကို ဒေါင်ရမ်းအင်ပါရာနိုင်ငံသို့ ခေါ်ဆောင်ရမယ့်အဆင့်ပဲ ဖြစ်သည် ။

သူတို့ဆွေးနွေးနေချိန် ယောင်အိမ်ဂေဟာ ၏ မြောက်ဘက်ခြံဝန်းထဲမှာ ယောင်ဖေးက မျက်နှာထားသုန်သုန်မှုန်မှုန်ဖြင့် ထိုင်နေလေသည် ။ ဘာမှန်းမသိသော ခံစားချက်အရိပ်အယောင်တွေက သူမျက်လုံထဲမှာဖြစ်ပေါ်နေ၏ ။

ပြိုင်ဘက်ကင်းသိုင်း၀ိဉာဥ်(ဟောင်ရှောင်လုံ) Book 1Where stories live. Discover now